အတၲဆိပ္/အတ္တဆိပ်-၆

902 43 3
                                    

#unicode

ခွန်းတစ်ယောက် ​သူ့အတွေးနဲ့သူ အိမ်ထဲဝင်လာရင်း လှေကားရင်းရောက်မှ တစ်ခုခုကို သတိရသွားသည်။ခြေလှမ်းတွေကို ပြန်လှည့်ကာ ကားပေါ်မှာကျန်ခဲ့တဲ့ ကိတ်ဘူးကို ယူလိုက်သည်။ပန်းခြံထဲမှာ စာခြောက်ရုပ်လို ရပ်နေပြီး ဘာတွေးနေမှန်းမသိတဲ့လူကို ကြည့်လိုက်ကာ

"အက္ခရာ"

အော်ခေါ်တာတောင် မကြားရတဲ့ပုံပင်။

"အက္ခရာ!"

"ဗျာ ဟုတ် ဟုတ်ကဲ့ သခင်လေး"

ခပ်သွက်သွက်လေး အပြေးလေးလာနေတဲ့ သူကိုကြည့်ရင်း

"ငါမင်းကိုပြောစရာရှိလို့ ခဏလိုက်ခဲ့"

ခွန်းက ပြောပြီးတာနဲ့ ကားတံခါးကိုပိတ်ကာ အိမ်ထဲသို့ ပြန်ဝင်သွားသည်။အက္ခရာလည်း ခွန်းအနောက်ကနေ ကုပ်ကုပ်လေး လိုက်ဝင်သွားသည်။

ခွန်းက ကိတ်ဘူးကို ကုတင်ပေါ်မှာ ချလိုက်ပြီးနောက် သူ့အင်္ကျီလက်ကိုခေါက်တင်ရင်း အခန်းဝမှာ မဝင်ရဲပဲ ရပ်နေတဲ့သူကိုကြည့်ကာ

"ဘာလုပ်နေတာလဲ ဝင်လာခဲ့လေ ငါမင်းကို မကိုက်စားဘူး"

မနေ့ကအဖြစ်အပျက်ကြောင့် အက္ခရာ သူ့အခန်းထဲဝင်ဖို့ တွန့်ဆုတ်နေတာကို ခွန်းသိပါသည်။အက္ခရာက ဝင်လာပြီး တံခါးကို ပိတ်ဖို့လုပ်တော့

"ရတယ် မပိတ်နဲ့ ဖွင့်ထားလိုက်"

"ဟုတ်ကဲ့"

ခွန်းက ကုတင်ပေါ်မှာ ထိုင်လိုက်ကာ ကိတ်ဘူးကို ကိုင်လိုက်သည်။သူ့အရှေ့မှာ ကုပ်ကုပ်လေးရပ်နေတဲ့ သူကိုကြည့်ကာ

"မိုးချုပ်နေပြီကို ပန်းခြံထဲမှာ ဘာထိုင်လုပ်နေတာလဲ"

"ဟို အက္ခရာ သခင်လေးကို..."

အက္ခရာ စကားလုံးတွေက မရဲတရဲနှင့် တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေသည်။

"တောင်းပန်ချင်လို့ပါ"

ဘာကိုဆိုလိုတာလဲဆိုတာ ခွန်းနားလည်ပါသည်။

"မနေ့ညက ကိစ္စဆိုရင် ထားလိုက်တော့ မင်းအမှားမပါဘူး"

"အက္ခရာ မရည်ရွယ်ပဲ..."

အတ္တဆိပ်/အတၲဆိပ္(Uni+Zaw)[Ongoing]Where stories live. Discover now