အတ္တဆိပ်/အတၲဆိပ္-14

554 26 4
                                    

#Unicode

Accidentဖြစ်ပြီး ၂ရက်မြောက်နေ့.....
အက္ခရာနိုးလာတာမြင်တော့ နန်းရွန်းက ဝမ်းသာစွာဖြင့်

"အက္ခရာ သတိရလာပြီလား အဆင်ပြေရဲ့လား"

ခန္ဓာကိုယ်နဲ့ခေါင်းက အရိုက်ခံထားရသလို လေးလံကိုက်ခဲနေပေမဲ့နိုးနိုးချင်း သူ့အသိစိတ်ထဲမှာရှိနေတဲ့ တစ်ဦးတည်းသောသူက ခွန်းပင်။

"သခင်လေး"

အားအင်တွေစုတ်လျော့နေပေမဲ့လည်း အားယူပြီးထရင်း သူ့လက်က ဆေးပိုက်ကို ဆွဲဖြုတ်လိုက်သည်။လက်က သွေးတွေကြောင့် နန်းရွန်းလန့်သွားကာ

"အက္ခရာ ဘာလုပ်တာလဲ သွေးတွေထွက်ကုန်ပြီ!"

"ဖယ် ငါသခင်လေးကို တွေ့ချင်တယ်"

ထိုအချိန် Ericကလည်း အခန်းထဲဝင်လာသည်။နန်းရွန်းနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ အက္ခရာကိုတွေ့တော့ အလျှင်အမြန်ပြေးဝင်ပြီး ဝင်ဆွဲကာ တားစီးလိုက်သည်။

"အက္ခရာ စိတ်လျှော့ စိတ်လျှော့"

အက္ခရာတစ်ယောက် ရုန်းနေလျှက်ပင် အော်ငိုကာ ခွန်းကိုတွေ့ချင်တယ်ဟု တဖွဖွပြောနေသည်။လက်မှာလည်း သွေးတွေက အဆက်မပြတ်ထွက်နေတာမို့

"ညီမ ဆရာဝန်သွားခေါ်လိုက် အကိုထိန်းထားလိုက်မယ်"

နန်းရွန်းလည်း ရေးကြီးသုတ်ပြာဖြင့် အမြန်ပြေးထွက်ကာ ဆရာဝန်သွားခေါ်သည်။

"အက္ခရာ မင်းရဲ့သခင်လေး ဘာမှမဖြစ်တော့ဘူးနော် အသက်အန္တရာယ်ကင်းသွားပြီ စိတ်လျှော့နော်"

အက္ခရာက ယူကျုံးမရစွာဖြင့် ခေါင်းခါရမ်းလျှက်

"မယုံဘူး အက္ခရာမျက်စိနဲ့တပ်အပ်မြင်ရမှ ယုံမယ် တောင်းပန်ပါတယ် သခင်လေးနဲ့ ပေးတွေ့ပါ"

ခန္ဓာကိုယ်က အားမရှိလို့ပျော့ခွေနေတာတောင် သူ့သခင်လေးကိုပဲ တွေ့ချင်စိတ်ပြင်းပြနေသည်။Ericလည်း အက္ခရာ မရုန်းနိုင်အောင် တင်းကြပ်စွာဖက်ထားသည်။ဆရာဝန်လည်း လျှင်မြန်စွာပြေးဝင်လာပြီး အက္ခရာကို စိတ်ငြိမ်ဆေးထိုးပေးလိုက်သည်။ချက်ချင်းငြိမ်ကျသွားသူက မျက်လုံးမှေးစင်းကျသွားသည်။ဆေးပိုက်အသစ်ပြန်တပ်ပေးပြီးနောက် ကုတင်ပေါ်မှာ သေချာ အနားပြန်ယူစေသည်။

အတ္တဆိပ်/အတၲဆိပ္(Uni+Zaw)[Ongoing]Where stories live. Discover now