The Past of Sai Lyan&Eric(‼️warning‼️)

283 16 1
                                    

#Unicode

6 years ago.......

ringtone~~~~

သီချင်းတငြီးငြီးနဲ့ ရေချိုးခန်းထဲကနေ ထွက်လာတဲ့ စိုင်းလျံက ဖုန်းကိုင်လိုက်ကာ

"အေး သားရီး ပြော"

"စိုင်းလျံ မင်းအားလား"

"အားလားဆိုတော့..."

စိုင်းလျံက နာရီကို လှမ်းကြည့်ရင်း

"ခဏနေရင် ငါ့ကောင်လေးကို မုန့်သွားပို့မလို့ သူခဏနားချိန်ရတုန်း dateလုပ်မလို့ ဘာဖြစ်လို့လဲ"

"×××private schoolမှာ နိုနိုမောင်လေးကို သွားကြိုပေးပါလား"

"မနိုမောင်လေး"

"အေး သူ့ကို ကျောင်းကြိုပို့နေတဲ့ driverက ခွင့်ယူထားလို့ နိုနိုအဖေနဲ့အမေကလည်း လေလံပွဲရောက်နေတယ် သူ့အမေက နိုနိုကို သွားကြိုခိုင်းတာ ဆရာမကြီးက မကြိုချင်ဘူးတဲ့ ငါသွားမယ်ဆိုတော့လည်းမရဘူး"

"ကြိုတာကတော့ ကြိုပေးလို့ရတယ် ငါ့ကွန်ဒိုနဲ့လည်း သိပ်မဝေးပါဘူး ဒါပေမဲ့ ချက်ချင်းတော့ ပြန်ပို့ပေးလို့မရဘူး ငါဆေးရုံဝင်ဦးမှာဆိုတော့"

"အေး ရတယ် ဒါမှမဟုတ်မင်းပဲခေါ်ထားလိုက် နိုနိုကိုပြန်ပို့တဲ့အချိန် ငါလာဝင်ခေါ်လိုက်မယ်"

"ok ok သူ့နာမည်နဲ့ပုံနဲ့ ပို့ထားလိုက်"

"ok"

ခွန်းလည်း ဖုန်းချပြီးတာနဲ့ စိုင်းလျံကို messageပို့ပေးနေသည်။ရုပ်ရှင်လက်မှတ်ဖြတ်ပြီးတဲ့ နိုနိုက ခွန်းအနားလျှောက်လာကာ

"မောင်"

"အော နိုနို လက်မှတ်ရပြီလား"

"ရပြီလေ ဒီမှာ"

"Ericပုံရှိလား မောင် စိုင်းလျံကိုပို့ပေးမလို့"

နိုနိုက ပြုံးနေရင်းကနေ ချက်ချင်းရုပ်တည်ကျသွားကာ သဘောမကျစွာဖြင့်

"ရှိစရာလား ထားလိုက်ပါဆို မောင်က ရှည်ကိုရှည်တယ်"

"ဘယ်လိုလုပ်ထားလို့ရမှာလဲ နိုနို့မောင်လေးလေ စိတ်မပူဘူးလား"

"နိုနိုမောင်လေးမဟုတ်ပါဘူး စိတ်ပူရအောင် လည်း မိန်းကလေးမှမဟုတ်တာ သူ့ခြေ သူ့လက်ပါတာပဲရာ အိမ်မပြန်တက်ရအောင် ကလေးလည်းမဟုတ်ဘူး"

အတ္တဆိပ်/အတၲဆိပ္(Uni+Zaw)[Ongoing]Where stories live. Discover now