အတၲဆိပ္/အတ္တဆိပ်-၉

1.2K 43 14
                                    

#unicode

ခွန်းဝင်လာတာကိုမြင်တော့ ဟိုတယ်ဧည့်ကြိုကောင်တာဘက်က အခန်းမှာထိုင်စောင့်နေတဲ့ နိုနိုက ချက်ချင်း​ထလာကာ  အပြုံးလေးဖြင့်

"မောင် ရောက်လာပြီလား"

"အွန် ဘာလို့ ဒီမှာစောင့်နေတာလဲ"

"မောင်နဲ့အတူတူဝင်ချင်လို့လေ"

ခွန်းက အသာလေး ခေါင်း၂ချက်ငြိမ့်ကာ

"ဝင်ကြမယ်လေ"

ခွန်းကတော့ ပုံမှန်ပေမဲ့ နိုနိုကတော့ ပျော်ရွှင်စွာ ခွန်းရဲ့လက်ကို ချိတ်လျှက် ဓာတ်လှေကားထဲသို့ဝင်သွားသည်။၂ယောက်သားရန်ဖြစ်ပြီးကတည်းက မတွေ့ဖြစ်ကြသလို ခွန်းဘက်ကလည်း ပြန်ချော့ခြင်းမရှိခဲ့။နိုနိုက ကြားထဲ အဆက်အသွယ်လုပ်ကာ dateလုပ်ဖို့ ပြောပေမဲ့ ခွန်းကဘာကိုမှ တုံ့ပြန်မှုမရှိခဲ့ပေ။အခုလည်း ခွန်းအဖေဦးဆောင်တဲ့ နှစ်ဖက်မိဘရဲ့ ညစာစားပွဲကြောင့် ခွန်းလာခဲ့ခြင်းဖြစ်သည်။နိုနိုကတော့ ဒါကို ကျေးဇူးတင်နေမိသည်။

"sorry ပါး ကျွန်တော်နောက်ကျသွားတယ်"

"ပါးကို အားနာဖို့မလိုပါဘူး ခမည်းခမက်တွေကိုပဲ အားနာရမှာ ထိုင် ထိုင်"

ခွန်းက ခုံမှာဝင်ထိုင်ရင်း

"စောင့်ရတာ ကြာသွားပြီလား အန်ကယ်နဲ့အန်တီ ကျွန်တော် projectအသစ်အတွက် meetingလုပ်နေတော့ နောက်ကျသွားတယ်"

"ရပါတယ်ကွာ သား ဉာဏ်ရှိန်က နဂိုကတည်းက အလုပ်များတဲ့သူပဲရာ အန်ကယ်တို့နားလည်ပါတယ်"

"ဟုတ်ကဲ့ ကျေးဇူးပါ အန်ကယ်"

ထို့နောက် စကားတွေပြောလိုက် အရွှန်းတွေဖောက်လိုက်နှင့် ညစာစားပွဲကို ပျော်ပျော်ရွှင်ရွှင်ကျင်းပနေကြပေမဲ့ ခွန်းကတော့ ဟန်ပြမျှသာစားနေပြီး နာရီကို တကြည့်ကြည့်ပင်။ဒါကို သတိထားမိတဲ့ နိုနိုက ခွန်းအနားကို ကပ်ကာ အသံတိုးတိုးဖြင့်

"မောင် ဘာဖြစ်လို့လဲ အရေးကြီးကိစ္စရှိလို့လား"

"မရှိပါဘူး"

နှစ်ယောက်ပူးကပ်နေတာကိုမြင်ပြီး ခွန်းအဖေက သူအဓိကပြောချင်နေတဲ့ စကားစဖို့ လမ်းကြောင်းကို ရသွားကာ

အတ္တဆိပ်/အတၲဆိပ္(Uni+Zaw)[Ongoing]Where stories live. Discover now