အတ္တဆိပ်/အတၲဆိပ္-၇

924 35 3
                                    

#unicode

အက္ခရာနဲ့နန်းရွန်း တီးတိုးစွာ အငြင်းခုန်ရင်း အက္ခရာက ခွန်းအတွက် မနက်စာပန်းကန်ကို ကိုင်ကာ စိတ်ကိုလျှော့ပြီး သက်ပြင်းခိုးချလိုက်သည်။
ပန်းကန်ကို ခွန်းရဲ့laptopနားမှာ အသာလေးချရင်း

"သခင်လေး ဒီနေ့ ကုမ္ပဏီမသွားဘူးလား"

ခွန်းက laptopကို နှိပ်မပျက်ပဲ

"omm ဒီနေ့အိမ်ကနေပဲ အလုပ်လုပ်မလို့ အခန်းထဲက library roomမှာ ငါ့မျက်မှန်တစ်ချက်သွားယူပေး စားပွဲပေါ်မှာ တင်ထားတယ်"

"ဟုတ်ကဲ့"

အက္ခရာလည်း အိမ်ပေါ်ထပ်ကိုခပ်သွက်သွက်တက်ကာ မျက်မှန်ယူပြီးပြန်ဆင်းလာခဲ့သည်။

"သခင်လေး"

ခွန်းက အက္ခရာပေးတဲ့ မျက်မှန်ကို ယူပြီးတပ်လိုက်ပြီးနောက် bluetoothနားကြပ်တစ်ဖက်ကို တပ်လိုက်သည်။အက္ခရာကို ကြည့်တော့ သူအနားမှာရပ်နေသေးတာမို့

"ရပြီလေ မင်းလုပ်စရာရှိတာ သွားလုပ်တော့"

"ဗျာ အော် ဟုတ်..ဟုတ် သခင်လေး"

သုတ်သုတ် သုတ်သုတ်နဲ့ မီးဖိုဆောင်ထဲကို ပြေးဝင်သွားသည့် အက္ခရာ။

"ဘယ်လိုလုပ်ကြမလဲ"

"မသိဘူး ငါပြောမရဲဘူး နင်ကူပြောပေးပါလား"

"ဟာ...နင်ကလည်း ငါသခင်လေးကို ကြောက်တာနင်သိရဲ့သားနဲ့ သခင်လေးက ငါနဲ့လည်း သိပ်ရင်းတာ မဟုတ်ဘူး နင်နဲ့ပိုရင်းတာကို"

"ဒီညနေ meetingကို zoomကနေပဲလုပ်မယ် လိုအပ်တဲ့ fileတွေကို တခါတည်း သေချာပြင်ထား ပြီးတော့ အသစ်ခန့်ထားတဲ့ အလုပ်သင်၂ယောက်ကိုပါ ဒီmeetingကို တက်ခိုင်းလိုက်"

dining roomမှာရှိနေတဲ့ ခွန်းအသံက ဝေးရာကနေနီးလာတာမို့ လှည့်ကြည့်လိုက်တော့ ခွန်းက မီးဖိုဆောင်တံခါးဝမှာ ခါးထောက်ပြီး ရပ်နေသည်။အက္ခရာနဲ့နန်းရွန်းက ခေါင်းကို ချက်ချင်းပြန်လှည့်ကာ တစ်ယောက်နဲ့တစ်ယောက် တီးတိုးစကားပြောရင်း တွန်းနေကြသည်။

"အက္ခရာ သခင်လေး မင်းကိုခေါ်နေတယ်လေ"

စားဖိုမှူးပြောတော့ အက္ခရာက ချက်ချင်း ခွန်းကိုလှည့်ကြည့်သည်။ခွန်းက တစ်ဖက်ကို စကားပြောမပျက်ဘဲ အက္ခရာကို dining roomဘက်သို့ ခေါင်းယိမ်းပြကာ ထွက်လာသည်။အက္ခရာလည်း အနောက်ကနေ ကုပ်ကုပ်လေး လိုက်လာသည်။ခွန်းက ပန်းကန်ဘေးနားကို လက်ညှိုး ၂ချက်တောက်လိုက်တော့ အက္ခရာက တစ်ခုခုကို ချက်ချင်းသဘောပေါက်ဟန်ဖြင့် ပြာယာခတ်စွာ မီးဖိုဆောင်ထဲပြန်ပြေးဝင်သွားသည်။

အတ္တဆိပ်/အတၲဆိပ္(Uni+Zaw)[Ongoing]Where stories live. Discover now