အတၲဆိပ္/အတ္တဆိပ်-16

362 14 1
                                    

#Unicode

တိတ်ဆိတ်ငြိမ်သက်ပြီး လူရှင်းနေတဲ့ ပင်လယ်သဲသောင်ပြင်မှာ ရပ်ပြီး Sunset viewကို ကြည့်ရင်း ပြုံးနေမိတဲ့ Eric။တိုးဝှေ့တိုက်ခတ်နေတဲ့ လေညှင်းလေးတွေက စိတ်ကိုကြည်လင် လန်းဆန်းစေသည်။Ericအပြုံးကိုကြည့်ပြီး သဘောကျနေတဲ့ စိုင်းလျံက အနားသို့လျှောက်လာရင်း အချိုရည်ဘူး ကမ်းပေးတော့ Ericမျက်နှာက ချက်ချင်း ပြန်တည်ကျသွားကာ ဆက်ခနဲ ဆွဲယူလိုက်သည်။

"စိတ်ဆိုးနေသေးလား"

Ericက ရွဲ့ပြုံး ပြုံးကာ

"မဆိုးပါဘူး ကျွန်တော် ခင်ဗျားကို ဘယ်တုန်းကမှ စိတ်မဆိုးဖူးဘူး"

"Eric ငါ တောင်းပန်ပါတယ် ငါမင်းကို အက်လိုတွေပြောလိုက်မိပေမဲ့ တကယ်စိတ်ထဲမပါပဲနဲ့ ဒီတိုင်း လွှတ်ခနဲပြောမိလိုက်တာ"

"ဒါလား ခင်ဗျားရဲ့ အကြောင်းပြချက် ဒီအကြောင်းပြချက်အတွက် လပေါင်းများစွာ အချိန်ယူလိုက်ရတာပဲ"

"Eric please..အမှန်တိုင်းပြောရရင် မင်းနဲ့ဆို ငါစကားပြောမတတ်တော့တာ ငါအမြဲတမ်း ပြောချင်တာက တစ်မျိုး ပြောမိတာက တစ်မျိုး ဖြစ်နေတတ်တာ ငါ့ကိုယ်ငါတောင် နားမလည်နိုင်ဘူး"

"ခင်ဗျားက အရူးလား"

စိုင်းလျံက Ericကို နားမလည်ပဲ ကြည့်နေမိသည်။အားမလိုအားမရဖြစ်သွားတဲ့ Ericက စိတ်မရှည်တော့ပဲ

"ငါတကယ် အရူးတစ်ယောက်နဲ့ အတူတူရပ်နေမိတာပဲ"

Ericက အချိုရည်ဘူးကို ​အရှိန်နဲ့ပစ်ပေါက်ပြီးနောက် စိုင်းလျံရဲ့ အင်္ကျီကော်လံကို ဆွဲကာ

"ကျွန်တော် ခင်ဗျားကို တော်တော် စိတ်ကုန်လာပြီ ကျွန်တော့်ကိုယ် ကျွန်တော်လည်း စိတ်ကုန်တယ် ကိုယ့်ကို စောက်ဖက်မလုပ်တဲ့ လူကိုမှ တွယ်ကပ်နေမိလို့ ခင်ဗျားလို $ကျိုးနည်း တုံးအတဲ့ အကောင်ကို မေ့မရနိုင်လို့ ကျွန်တော် တော်တော်လေး နာကျင်နေပြီ ဘာဖြစ်လို့ ကျွန်တော်က အကို့အတွက် မဖြစ်နိုင်ရတာလဲ အားးး $ရမ်း ဒေါသထွက်တယ်"

'ခွပ်'

Ericရဲ့ ဒေါသတကြီး ဆွဲထိုးမှုကြောင့် မြေပြင်ပေါ်လဲကျသွားတဲ့ စိုင်းလျံ။Ericကို အနည်းငယ်မျှတောင် အပြစ်မယူမိတဲ့အပြင် ဒီထိုးချက်က သူနဲ့ထိုက်တန်လွန်းတယ်လို့ မှတ်ယူမိသည်။

အတ္တဆိပ်/အတၲဆိပ္(Uni+Zaw)[Ongoing]Where stories live. Discover now