အပိုင်း❤6ရှောင်းမိသားစုနဲ့ဝမ်မိသားစုစီးလာသောကားလေးဘုန်းကြီးကျောင်းတစ်ခုရှေ့ရောက်ရှိလာသည်။
သူတို့တွေကားပေါ်မှဆင်းလိုက်ကြပြီးဘုန်းကြီးကျောင်းဝင်းထဲဖိနပ်ချွတ်ကာဝင်လိုက်ကြတယ်။
ကျောင်းဝင်းထဲတွင်ဝမ်မိသားစုတို့၏ကုသိုလ်ကောင်းမှုများကလက်ညှိုးထိုးမလွဲရှိနေသည်။
''
"လာသားတို့သီလယူဖို့ကျောင်းပေါ်တက်ရအောင်""ဟုတ်ကဲ့''
သူတို့အားလုံးကျောင်းဆောင်တစ်ခုထဲဝင်လိုက်ကြတယ်။အထဲရောက်တော့လှူဖွယ်ပစ္စည်းများကပ်ပြီးသင့်ရာမှာထိုင်ကြတယ်။
ဘုရားဆင်းတုတော်နဲ့ဆရာတော်ကိုကန်တော့လိုက်ကြတယ်။လူတွေအားလုံးစုံတော့ဆရာတော်နဲ့အတူဘုရားကန်တော့ပြီးသီလခံယူကြတယ်။မားမားနှစ်ယောက်ကဥပုသ်စောင့်ကြမှာမို့တခြားကျောင်းဆောင်ကိုသွားနေကြသည်။
ရှောင်းကျန့်၊ရိပေါ် ကောဟိုက်ခွမ်းနဲ့ကျဲတို့နှစ်ယောက်
ကျောင်းပေါ်ကပြန်ဆင်းလာပြီးကျောင်းဝင်းထဲလျှောက်ကြည့်ကြတယ်။
ကျောင်းဝင်းထဲကတောင်ဘက်မှာစေတီတဆူကိုတွေ့၍သွားဖူးကြတယ်။ဘုရားရိပ်တရားရိပ်ဖြစ်၍မြင်ရသမျှကအေးချမ်းလို့နေတယ်။ခနနေတော့ဆွမ်းစားသံချောင်းခေါက်သံကြားရပြီးသံဃာတော်များစီတန်းကြွလာတာကိုကြည်ညိုဖွယ်တွေ့လိုက်ကြရသည်။ရှောင်းကျန့်တို့အဖွဲ့လဲသံဃာများဆွမ်းစားနေကြတာကိုဓာတ်ပုံရိုက်ကြပြီးထွက်လာခဲ့ကြတယ်။
စေတီရှိရာကိုသွားလိုက်ကြပြီးကျဲတို့ကဖုန်းတွေထုတ်ကာ
''အားကျန့်ကျဲတို့ကိုဓာတ်ပုံရိုက်ပေးလေ"
''ဟုတ်ကျဲကျဲ''ကျဲတို့ကိုဓာတ်ပုံရိုက်ပေးပြီးတော့ရှောင်းနဲ့ရိပေါ်ကိုလဲဓာတ်ပုံရိုက်ပေးကြသည်။ပြီးတော့ငါးယောက်ပုံစုရိုက်ကြတယ်။
အားလုံးကမြန်မာဝတ်စုံလေးတွေနှင့်ချစ်စရာကောင်းနေကြသည်။''ကျဲတို့ဗိုက်ဆာနေပြီထမင်းစားကြရအောင်''
''ကျွန်တော်တို့လဲဆာပြီ၊မားတို့က်ုသွားခေါ်လိုက်ဦးမယ်''
''အေးအေးမြန်မြန်သွား''ရှောင်းကျန့်နဲ့အတူမားတို့ပါလာကြတယ်။
ရှောင်းကျန့်နဲ့ရိပေါ်တို့က
ကားထဲမှာမနက်ကထည့်လာတာတွေကိုသယ်လာပြီးစေတီလေးနားမှာဖျာခင်းလို့ဝိုင်းဖွဲ့လိုက်ကြတယ်။
YOU ARE READING
ပိတောက်နဲ့ သင်္ကြန်❤ကျန့်ကျန့်နဲ့ဝမ်ဝမ်
Roman d'amourပိတောက်ပန်းလေးကနွေရဲ့အလှကိုဖော်ပြသလိုသူ့ရဲ့အဓိပ္ပါယ်က ''မင်းက ကိုယ့်အတွက်ရှားပါးတဲ့ဆုလာဘ်ပါ''တဲ့ ''ရှောင်းကျန့်မင်းကငါ့ဘဝရဲ့အလှပဆုံး ကမ္ဘာလေးတစ်ခုဖြစ်သလို ငါ့ဘဝရဲ့ရှားပါးတဲ့ဆုလာဘ်တစ်ခု အဖိုးတန်ရတနာလေးပါကွာ'' wang yi bo ''ပန်းပိတောက်လေးတွေကမိုးရေပက် ...