ပိတောက်နဲ့သကြန် ❤ကျန့်ကျန့်နဲ့ဝမ်ဝမ်

70 2 0
                                    


အပိုင်း❤4

ဝမ်အိမ်တော်၌ရှောင်းမုလင်း၊ကျဲဝမ်ချင်
၊ဝမ်ဟိုက်ခွမ်း၊တို့ထိုင်နေပြီး

ဝမ်ရိပေါ်၊ရှောင်းကျန့်တို့မှာသူတို့သူငယ်ချင်းများကိုစောင့်နေကြတယ်။
ရိပေါ် ရှောင်းကျန့်အနားကပ်လိုက်ပြီး

''မင်းလေဆိပ်မှာကျဲကိုသွားကြို
တာဘာလို့ငါ့ကိုမပြောတာလဲ''

''ဘာဆိုင်လို့ပြောရမှာလဲငါ့အမကိုငါသွားကြိုတာမင်းကိုပြောပြ
ရမှာလား''

''ပြောရမှာပေါ့ငါဘယ်လောက်စိတ်ပူသွားလဲမင်းသိလား''

''ဘာလို့စိတ်ပူရတာလဲ''

''မင်းမနှစ်ကလိုမပြောမဆိုနဲ့တရုတ်သွားလိုက်ပြီထင်လို့''

''ဟမ်...အာ...အဲ့ဒါမင်းကိုပြန်လာတော့ပြောပြတယ်လေတရုတ်ကအဘိုးနေမကောင်းလို့သွားတာလို့''

''အေးအပြန်မှပြောတာလေ''

''မင်းဘာဖြစ်နေတာလဲရိပေါ်''

''ခုလဲမင်းတရုတ်ကိုသွားလိုက်ပြီထင်နေတာ''
ဝမ်ရိပေါ်ပြောရင်းမျက်ရည်ဝဲလာတယ်။

ထိုအချိန်

''ဟေး....ပိုင်ပိုင်နဲ့ရှင်းသန့်(wangနဲ့xiaoတိုရဲ့မြန်မာနာမည်ပါ။ကျောင်းမှာအားလုံးကခုလိုပဲခေါ်ကြတယ်)
''ငါတို့ရောက်ပြီ ၊သွားကြစို့''

ရိပေါ်နဲ့ရှောင်းတို့သူငယ်ချင်း(သူရ၊ဟိန်း၊စိုး၊မင်းမင်း၊မြတ်နိုး၊ရတီ၊မိုးဥတု၊ခိုင်မာလာ)

ကိုကြီးဝမ်ဟိုကခွမ်းကကားမောင်းပြီး
သူတိုအဖွဲ့ကားပေါ်တက်ကာရှောင်းကျန့်ဘေးမှာရိပေါ်ထိုင်ပြီးဘေးတနေရာမှာကျဲမုလင်းကထိုင်တယ်။

ကားလမ်းဘေးတဖက်စီတွင်ရပ်ကွက်ထဲကကလေးလူငယ်များရေစတင်ပက်နေကြသလိုသကြ်န်သီချင်းသံများကလဲပျံ့လွင့်နေသည်။

သူတို့ကားလေးမဏ္ဍပ်ရှေ့ရောက်တော့
အားလုံးကားပေါ်မှဆင်းလိုက်တယ်၊ကိုကြီးဟိုက်ခွမ်းက ကားသွားအပ်ထားတယ်။

မဏ္ဍပ်တွင်ဌာနဆိုင်ရာလူကြီးများရောက်ရှိနေပြီးအခမ်းအနားကိုဖဲကြိုးဖြတ်
​ဖွင့်လိုက်သည်။

ပိတောက်နဲ့ သင်္ကြန်❤ကျန့်ကျန့်နဲ့ဝမ်ဝမ်Where stories live. Discover now