အပိုင်း❤28
"ရန်ကုန်စီးပွားရေးတက္ကသိုလ် "
first year တက်တာသုံးရက်မြောက်နေ့
အခန်းထဲမှာ
ရှောင်းကျန့်နဲ့ဝမ်ရိပေါ်ထိုင်နေတော့
အခန်းထဲကမိန်းကလေးများကလာမိတ်ဆက်ကြသဖြင့်လူအုံနေတော့သည်။ရှောင်းကျန့်ကအလိုက်အထိုက်ပြန်ပြောသလိုဝမ်ကလဲပြန်လည်မိတ်ဆက်
လေသည်။
ရှောင်းကျန့်အံ့သြရလေသည်။အတန်းထဲကိုဆရာဝင်လာမှကိုယ့်နေရာကိုပြန်သွားကြလေသည်။.
ဝမ်ရိပေါ်နဲ့ရှောင်းကျန့်တို့လဲ
စာသင်ချိန်ပြီးတော့ကန်တင်းကိုသွား
ထိုင်လိုက်ကြတယ်။ကန်တင်းမှာထိုင်တော့လဲဝမ်ကပတ်ဝန်းကျင်ကိုငေးနေတယ်။
ဝမ့်ရဲ့အပြုအမူကထူးဆန်းနေတာဒီနေ့။
သူတို့ကိုတခြားမေဂျာကလူများကလဲလာမိတ်ဆက်ကြတယ်။သူတို့နဲ့လာဝိုင်းထိုင်ကြတယ်။
ဝမ့်ကပြန်ပြီးစကားတွေပြောနေကြတာများငယ်ပေါင်းကြီးဖော်တွေလို။ရှောင်းကျန့်တို့ကျောင်းမှာပန်းပေါင်းစုံရောက်နေသလိုမိန်းမလှလေးများကလဲနေရာတကာရှိနေတယ်။
ဝမ့်ကိုပဲြကည့်ကြည့်သွားကြတော့ရှောင်းကျန့်စိတ်တိုရပြီ။
သဝန်တိုရတယ်။
ဝမ်ကလဲအရမ်းချောတာကိုး။
မိန်းကလေးတွေကဝမ့်ကိုပြုံးပြရင်
ဝမ်ကပြန်ပြုံးပြနေတယ်
ရှောင်းကျန့်မျက်မှောင်ကျုံ့ထားလိုက်တယ်။နောက်တစ်ယောက်ကိုကျမျက်စောင်းထိုးပေးလိုက်တယ်။ဝမ့်ကိုမကျေမနပ်ဖြစ်လာတော့ကိုယ့်နှုတ်ခမးဆူနေမှန်းသတိတောင်မထားမိ။။ရှောင်းကျန့်အံသြနေတယ်။
အရင်က stateကျောင်းသားဘဝကခပ်ချေချေ
ဝမ်ရိပေါ်ဆိုတာဘယ်ရောက်သွား
ပြီနည်း။*အခုတက္ကသိုလ်တက်နေတာဆယ်ရက်
ပင်မပြည့်သေးတစ်ကျောင်းလုံးရှိ
ယောကျာ်းလေး/မိန်းကလေးတွေနဲ့သိနေပြီ။**ပြီးတော့ဝမ်က
တစ်ခြားယောကျာ်းလေးတွေနဲ့စကားပြောနေရင်ရှောင်းကျန့်ဆိုတဲ့ကျွန်တော့်ကိုမေ့နေတတ်ပြီ။ငါ့ကိုမေ့သွားပြီလားမေးတော့မေ့စရာလားတဲ့။ဒီစကားနဲ့တင်ကျေနပ်ရပါသည်။*
YOU ARE READING
ပိတောက်နဲ့ သင်္ကြန်❤ကျန့်ကျန့်နဲ့ဝမ်ဝမ်
Roman d'amourပိတောက်ပန်းလေးကနွေရဲ့အလှကိုဖော်ပြသလိုသူ့ရဲ့အဓိပ္ပါယ်က ''မင်းက ကိုယ့်အတွက်ရှားပါးတဲ့ဆုလာဘ်ပါ''တဲ့ ''ရှောင်းကျန့်မင်းကငါ့ဘဝရဲ့အလှပဆုံး ကမ္ဘာလေးတစ်ခုဖြစ်သလို ငါ့ဘဝရဲ့ရှားပါးတဲ့ဆုလာဘ်တစ်ခု အဖိုးတန်ရတနာလေးပါကွာ'' wang yi bo ''ပန်းပိတောက်လေးတွေကမိုးရေပက် ...