ပိတောက်နဲ့သကြန် ❤ကျန့်ကျန့်နဲ့ဝမ်ဝမ်

51 1 0
                                    


အပိုင်း❤ 9

ရှောင်းကျန့်ဝမ်အိမ်မှာညစာစားပြီးအိမ်ပြန်တော့ ဝမ်ရိပေါ်ကလိုက်ပို့တယ်။

''လိုက်မပို့နဲ့အိမ်က ကပ်လျက်ပဲဟာ''

''လျှာမရှည်နဲ့နီနီးလေးလဲငါလိုက်ပို့မှာပဲတဲ့
ရှောင်းအိမ်ပြန်ရောက်လို့ဧည့်ခန်းထဲရောက်မှပြန်သွားတယ်။အမောင်ရိပေါ်တို့ကတော့။

''သားထမင်းစားလာခဲ့ပြီမို့လား''

''ဟုတ်မား ဝမ်မားကကျွေးလိုက်တာ''

''အင်းသူတို့ကအရမ်းစိတ်သဘောထားပြည့်ဝတဲ့သူတွေပဲသားကိုလဲသားအရင်းလို
ချစ်ကြတာ''

''ဟုတ်တယ်မား''

''အင်းအဲ့ဒါကြောင့်သားကသူတို့ကိုရိုရိုသေသေကောင်းကောင်းဆက်ဆံနော်''

''ဟုတ်မား ဒါနဲ့ပါးရောမပြန်လာသေးဘူးလား''

''ပြန်ရောက်နေပါပြီကွ''

''ဟာပါးပါးသားအရမ်းလွမ်းနေတာ''

''ဟားဟားဟုတ်ပါပြီပါးလဲဒီသားလေးကို
လွမ်းနေတာပါ။''

ဟုတ်ပါသည်ပါးကသံတမန်ရေးရာကိစ္စ
များနဲ့အလုပ်များနေတာအချိန်ပြည့်ပင်။

ဝမ်ရိပေါ်အဖေဝမ်ပါးဆိုနေ့ကိုအလုပ်သဃားပြီးညနေအိမ်ပြန်လာပြီးသားနဲ့မိန်မကိုအချိန်ပေးနိုင်တဲ့အပြင်ခုဆိုတရုတ်ကစီးပွားရေးကိုကောဟိုက်ခွမ်းကဦးစီးနေလို့အေးဆေးသာ။

ရှောင်းပါးကိုရှောင်းကျန့်သနားပါသည်။ပိုလဲချစ်ရပါတယ်သူတို့အတွက်အချိန်မပေးနိုင်တာကိုမားရောသူရောနားလည်ပေးထားကြတယ်။

ရှောင်းပါးလဲအိမ်သူသက်ထားနဲ့သားရယ်ပြည်မကြီးကသမီးလေးတို့ကိုလွမ်းရချစ်ရပါတယ်။

"ပါးသားလေးဝမ်အိမ်တော်မှာစာသင်ရတာအဆင်ပြေရဲ့လား၊ဘာတွေလိုအပ်တာရှိလဲပြောနော်''

''မရှိဘူးပါးရဲ့အားလုံးအဆင်ပြေတယ်။''

''ကောင်းပါပြီဗျာဒါဆိုပါးဝယ်လာတဲ့မုန့်တွေစားကြရအောင်ပြီးတော့ဝမ်အိမ်ကိုလဲသွားပို့ပေးလိုက်ဦး''

''ဟုတ်ပါးပါး''

''ကဲမုန့်ထုတ်တွေဒီကိုပေးပါမားပန်းကန်ထဲထည့်ပြီးယူလာခဲ့မယ်''

ပိတောက်နဲ့ သင်္ကြန်❤ကျန့်ကျန့်နဲ့ဝမ်ဝမ်Where stories live. Discover now