အပိုင်း❤5သကြ်န်အကျနေ့
မနက်6:00
ရှောင်းကျန့်အိပ်ရာနိုးလာတာနဲ့ထလိုက်ပြီးရေချိုးခန်းဝင်သန့်ရှင်းလိုက်တယ်။
သူအောက်ဆင်းလာတော့မားတို့ကအပြင်သွားမဲ့ပုံမို့မေးကြည့်တော့ကျဲတို့နဲ့အတူစျေးသွားမယ်တဲ့။သူ့ကိုအိမ်မှာစောင့်ခိုင်းခဲ့တယ်။ရှောင်းကျန့်မီးဖိုထဲဝင်ကြည့်တော့ရှိတဲ့မုန့်တွေမစားချင်တာနဲ့အပြင်ထွက်စားဖို့လုပ်လိုက်တယ်။
အိမ်ဘေးကကားဂိုဒေါင်ထဲကစက်ဘီးကိုထုတ်စီးလိုက်ပြီးဟိုဘက်ရပ်ကွက်ကလက်ဖက်ရည်ဆိုင်ကိုဦးတည်လိုက်တယ်။
ရှောင်းကျန့်အရင်ကစက်ဘီးမစီးတတ်။ပါးနဲ့မားကဘယ်လိုသင်သင်မရ။မရတဲ့အဆုံးမသင်ပေးတော့ဘူး။
ခုဘာကြောင့်စီးတတ်လဲဆိုရိပေါ်ကြောင့်။ရိပေါ်သင်ပေးလို့တတ်တာ။😎😎😎
ရှေါင်းကျန့်လက်ဖက်ရည်ဆိုင်ရောက်တော့ဆိုင်မှာဝင်ပြီးလက်ဖက်ရည်၊
အသားပေါက်စီလုံး၊အသားပေါင်း၊ကြက်ဥပလာတာ၊အီကြာကွေးတို့ပါဆယ်မှာလိုက်တယ်။သူမှာတာတွေရတော့ကျသင့်ငွေရှင်းလိုက်ပြီးအိမ်ကိုပြန်လာခဲ့တယ်။ရှောင်းကျန့်လဲအိမ်ထဲရောက်ရောခြံဘေးပေါက်ကနေရိပေါ်ကူးလာတာတွေ့လိုက်သည်။
''စောစောစီးစီး လာပြန်ပြီ။
ရိပေါ်လဲသူ့ကိုမြင်သွားပြီး''ဘယ်ကပြန်လာတာလဲ''
''မုန့်သွားဝယ်တာလေ''
''ငါ့ကိုလဲမခေါ်ဘူး''
''ဟမင်းကိုဘာလို့ခေါ်ရမှာလဲမင်းကိုနေရာတကာခေါ်ရအောင်ငါ့ကိုသားပိုက်ကောင်မှတ်နေလား''
''မင်းဘယ်သွားသွားငါလိုက်ချင်တာကို''ထားပါတော့မြန်မြန်စားပြီးရင်လျှောက်လည်ကြမယ်''
''ဟမ်လျှောက်လည်မှာ ငါမလိုက်တော့ဘူး"
"မရဘူးလိုက်ရမယ်ငါဘယ်သွားသွားမင်းလိုက်ရမယ်"
''ဝမ်ရိပေါ်! ! !
''ကဲစားစရာရှိတာမြန်မြန်စား''
ရှောင်းကန့်ရိပေါ်ကိုမျက်စောင်းထိုးလိုက်ပြီးအိမ်ထဲဝင်ကာထမင်းစားခန်းထဲသွားလိုက်တယ်။အနောက်ကနေရိပေါ်က ကပ်လိုပါလာတယ်။
မုန့်တွေကိုပန်းကန်ထဲထည့်ပြီးစားပွဲပေါ်တင်လိုက်တယ်။
''ရော့ မင်းလဲစားလေ''
''ငါအိမ်ကစားခဲ့ပြီမင်းပဲစားတော့''
ရှောင်းကျန့်မြန်မြန်စားသောက်လိုက်တယ်။
ရိပေါ်ကရှောင်းကျန့်စားတာထိုင်ကြည့်ရင်းပြုံးနေခဲ့တယ်။
YOU ARE READING
ပိတောက်နဲ့ သင်္ကြန်❤ကျန့်ကျန့်နဲ့ဝမ်ဝမ်
Roman d'amourပိတောက်ပန်းလေးကနွေရဲ့အလှကိုဖော်ပြသလိုသူ့ရဲ့အဓိပ္ပါယ်က ''မင်းက ကိုယ့်အတွက်ရှားပါးတဲ့ဆုလာဘ်ပါ''တဲ့ ''ရှောင်းကျန့်မင်းကငါ့ဘဝရဲ့အလှပဆုံး ကမ္ဘာလေးတစ်ခုဖြစ်သလို ငါ့ဘဝရဲ့ရှားပါးတဲ့ဆုလာဘ်တစ်ခု အဖိုးတန်ရတနာလေးပါကွာ'' wang yi bo ''ပန်းပိတောက်လေးတွေကမိုးရေပက် ...