ဝမ်ရိပေါ်တစ်ယောက်တွေးရင်းအိပ်ပျော်သွားလေသည်။
2:30..p.m
ရှောင်းကျန့်မှာစျေးဝယ်ထွက်မယ်
ဆိုပြီးခုထိမလာသေးသော
ဝမ်ကြောင့်စိတ်တိုနေပြီ။ထို့ကြောင့်ဝမ်အိမ်သို့သွားလိုက်ရာ
အိမ်တော်ထိန်းကြီးနဲ့တွေ့လေသည်။''သားရှောင်းပါလား''
''သားဝမ်ဆီလာတာလား''
(သူ့ဆီမလာလို့ဒီအိမ်ကို
ဘာလာလုပ်ရမှာလဲ)ဟု
ရှောင်းကျန့်စိတ်ထဲကနေ
ပြောလိုက်တယ်။''ဟုတ်တယ်ဗျ..ဝမ်ရောဟင်''
''သားဝမ်ကအပေါ်ထပ်မှာ
တက်သွားလိုက်လေ''''ဟိုဝမ်ဦးလေးရော''
''ကုမ္ပဏီကိုသွားပြီကွဲ့''
''အော်..အဲ့ဒါဆိုကျွန်တော်ဝမ့်ဆီ
သွားလိုက်ဦးမယ်နော်''''သွား သွား ကလေး''
ရှောင်းကျန့်အပေါ်တက်လိုက်ပြီး
ဝမ်အခန်းဆီသွားလိုက်တယ်။ဒီအိမ်ကသူငယ်ငယ်ထဲက
ဝင်ထွက်နေကျဆိုတော့ကိစ္စမရှိ။
အခန်းရှေ့ရပ်လိုက်ပြီးဒေါက်ဒေါက်ဒေါက်
''ဝမ်...ဝမ်...ဝမ်''
ဒေါက်.. ဒေါက်... ဒေါက်
အထဲမှဝမ်ရိပေါ်ကမနိုးပေ။တံခါးလာမဖွင့်တာကြောင့်ရှောင်းကျန့်
တခါးဖွင့်ပြီးအခန်းထဲဝင်လိုက်တော့
ကုတင်ပေါ်မှာ
ဝမ်ကနှစ်နှစ်ခြိုက်ခြိုက်ကို
အိပ်ပျော်နေတာပင်။ကုတင်အနားတိုးသွားလိုက်ပြီး
''ဝမ်..ဝမ်''
ထပ်ခေါ်တော့လဲမနိုးပေ။
''အိပ်ပုတ်ကလေး''
ချစ်စနိုးဖြင့်
အိပ်ပျော်နေတဲ့ဝမ့်ရဲ့
မျက်နှာအနားတိုးကပ်လိုက်ပြီးနဖူးကို
ဖွဖွလေးအနမ်းပေးလိုက်တယ်။
သေချာပေါက် ရှောင်းကျန့်နှလုံးခုန်မြန်နေတယ်။ပထမဆုံးဝမ်မသိအောင်
ပထမဆုံးဝမ့်ကိုအနမ်းခိုး
ပေးလိုက်ခြင်းဖြစ်တယ်။
အနမ်းပေးပြီးတော့ဘေးမှာရပ်ကာ
မလုံမလဲဖြစ်နေပေမဲ့
ဝမ့်ကိုနိုးလိုက်တယ်။
YOU ARE READING
ပိတောက်နဲ့ သင်္ကြန်❤ကျန့်ကျန့်နဲ့ဝမ်ဝမ်
Romanceပိတောက်ပန်းလေးကနွေရဲ့အလှကိုဖော်ပြသလိုသူ့ရဲ့အဓိပ္ပါယ်က ''မင်းက ကိုယ့်အတွက်ရှားပါးတဲ့ဆုလာဘ်ပါ''တဲ့ ''ရှောင်းကျန့်မင်းကငါ့ဘဝရဲ့အလှပဆုံး ကမ္ဘာလေးတစ်ခုဖြစ်သလို ငါ့ဘဝရဲ့ရှားပါးတဲ့ဆုလာဘ်တစ်ခု အဖိုးတန်ရတနာလေးပါကွာ'' wang yi bo ''ပန်းပိတောက်လေးတွေကမိုးရေပက် ...