''ရှောင်းကျန့်ရဲ့အလွမ်း''
နွေဦးသို့တဖန်ပြန်ရောက်လာလေပြီ။
ပူလောင်လှသော်လည်းရွက်ဟောင်းများကြွေ၍ရွက်နုလေးများဝေနေတဲ့မြင်ကွင်းကသိပ်ကိုလှပတယ်။နွေရာသီမှာလဲသူ့အချိန်အလိုက်အသီးအနှံများစားစရာလေးများလိုက်ဖက်စွာ
ရှိနေတတ်သည်။
နွေရဲ့ရာသီပန်းလေးများဖြစ်တဲ့ကံကော်ပန်း၊ပိတောက်ပန်းနဲ့ငုဝါပန်းတို့လဲဖူးပွင့်ကြတော့မည်။ထို့အတူနွေရာသီနှင့်အလိုက်ဖက်ဆုံးအလှပဆုံးပွဲတော်ဖြစ်တဲ့သကြ်န်သို့ရောက်လာတော့မည်ဖြစ်၍နေရာအနှံ၌သကြ်န်သီချင်းသံများကိုကြားနေရလေသည်။
ဝမ်အိမ်တော်နဲ့ရှောင်းအိမ်တော်မှသားတွေဖြစ်တဲ့ဝမ်ရိပေါ်နဲ့ရှောင်းကျန့်တို့မှာလဲကျောင်းပိတ်သွားပေမယ့်အိမ်မှာမနေအားတော့ပါ။
ဘာကြောင့်ဆိုကွန်ပျူတာသင်တန်း၊
eng speaking ၊တရုတ်စာသင်တန်းတက်ရတဲ့အပြင်ရှောင်းကျန့်ကမုန့်လုပ်သင်တန်း၊ပန်းချီသင်တန်းတွေပါထပ်တက်လိုက်သေးသည်။ဝမ်ရိပေါ်မှာလဲတစ်ဖက်ကသူ့အဖေရဲ့
ကုမ္ပဏီမှာလဲအလုပ်ဝင်လုပ်ခိုင်းလို့ကူနေရတာကြောင့်သူတို့နှစ်ဦးတွေ့ဆုံချိန်ဆိုတာအလွန်နည်းသွားသည်။ဝမ်ကသူ့ကိုဝမ်ပါးရဲ့ကုမ္ပဏီမှာအတူတူအလုပ်လုပ်ဖို့ခေါ်တယ်။ရှောင်းကျန့်ကမလုပ်ချင်သေး။ဘာလို့ဆိုခုမှကျောင်းပိတ်ထားတာ။အထက်တန်းပြီးလို့အေးဆေးလွတ်လွတ်လပ်လပ်နေချင်သေးတယ်။ကျောင်းပြီးဘွဲ့ရရင်လဲအလုပ်ဝင်ရမှာပဲဟာ။အဲ့တော့ဝမ်ကစိတ်ဆိုးလေတယ်။မတတ်နိုင်။
ခုတော့လဲဝမ်နဲ့အတူအလုပ်မဝင်မိတာမှားပြီလားမသိ။ဝမ်ကိုအချိန်တိုင်းမတွေ့ရဘူးလေ။
ကျောင်းတက်တုန်းကတော့နွေရာသီကျောင်းပိတ်ရက်ရှည်ကျရင်ခရီးအတူထွက်ကြဖို့တိုင်ပင်ခဲ့ဖူးပေမယ့်ခုတော့ထိုစကားကလေထဲသို့သာ။
''ဝမ်မင်းကိုတွေ့ရတဲ့အချိန်နည်းသွားသလိုအတူဆော့ကစားဖို့လဲအချိန်မရတော့ဘူး''
''ငါလေဟိုအရင်မင်းနဲ့အတူဆော့ကစားလို့ပျော်ရွှင်ခဲ့ရဖူးတဲ့ကလေးလေးဘဝကိုပဲပြန်လိုချင်မိတော့တယ်ကွာ''
YOU ARE READING
ပိတောက်နဲ့ သင်္ကြန်❤ကျန့်ကျန့်နဲ့ဝမ်ဝမ်
Lãng mạnပိတောက်ပန်းလေးကနွေရဲ့အလှကိုဖော်ပြသလိုသူ့ရဲ့အဓိပ္ပါယ်က ''မင်းက ကိုယ့်အတွက်ရှားပါးတဲ့ဆုလာဘ်ပါ''တဲ့ ''ရှောင်းကျန့်မင်းကငါ့ဘဝရဲ့အလှပဆုံး ကမ္ဘာလေးတစ်ခုဖြစ်သလို ငါ့ဘဝရဲ့ရှားပါးတဲ့ဆုလာဘ်တစ်ခု အဖိုးတန်ရတနာလေးပါကွာ'' wang yi bo ''ပန်းပိတောက်လေးတွေကမိုးရေပက် ...