ပိတောက်နဲ့သကြန် ❤ကျန့်ကျန့်နဲ့ဝမ်ဝမ်

44 1 0
                                    

အပိုင်း❤24

နွေရာသီမှမိုးရာသီသို့ကူးပြောင်း၍
လာလေပြီ။
ဝသန်မိုးကတော့သည်းသည်းမဲမဲကို
ရွာချနေသည်။

ညနေ3:00ခန့်ရှိပြီမို့အပြင်မှာကျောင်းသားကျောင်းသူများအိမ်ပြန်နေကြတာတွေ့ရသည်။

ဒီနေ့သင်တန်းမရှိသောကြောင့်
ရှောင်းကျန့်သူ့အခန်းထဲမှာသာပန်းချီဆွဲနေလိုက်သည်။ဝမ်ကလဲမပြန်လာသေးပါ။သတိရလွမ်းဆွတ်မှုကိုဖြေဖျောက်ရန်
ပန်းချီဆွဲနေခြင်းသာ။ဒီလိုဆိုဝမ့်ကိုလွမ်းတဲ့
စိတ်ကိုခနတော့မေ့ထားနိုင်မည်မဟုတ်လား။

အခုဆိုဝမ်တရုတ်မှာရှိနေတာငါးလကျော်နေပြီ။ဝမ်ရဲ့ဦးလေးကလဲဒီက ကုမ္ပဏီကို ဦးစီးနေတာအဆင်ပြေနေလေသည်။

ကောဟိုက်ခွမ်းကခုထိသတိမရသေး။ကောထက်နှစ်ပိုကြာတဲ့သူတွေတောင်ရှိသေးတာပဲလေ။တချို့လဲလုံးဝမနိုးထလာတော့တာရှိ
သည်။

မပြောကောင်းမဆိုကောင်းကောသာပြန်မနိုးလာဘူးဆိုဝမ်မိသားစုပြိုလဲသွားပေ
မည်။

ထိုသို့မဖြစ်စေရန်ရှောင်းကျန့်တို့မိသားစုတွေလဲကောမြန်မြန်နိုးထဖို့ဆုတောင်းပေးနေကြရသည်။

ဝမ်နဲ့သူကတော့နေ့တိုင်းဖုန်းပြောဖြစ်ပါတယ်။တခါတခါဆိုVCပြောဖြစ်သည်။
ရှောင်းကျန့်ဝမ်ကိုသတိရလို့ဖုန်းဆက်
ချင်ပေမဲ့ဝမ်ကအလုပ်များတဲ့သူမို့မဆက်ဖြစ်ပါ။ဝမ်ကသာဆက်သည်။
ဝမ်ကဟိုမှာသူငယ်ချင်းအသစ်တွေရနေပြီမို့

''ငါ့ကိုမခင်တော့ဘူးလားငါ့ကိုမေ့သွားမှာလား '' လို့မေးမိတယ်

''မေ့စရာလား၊မင်းနဲ့ငါကဟိုးကလေးဘဝထဲကနေအတူတူကြီးပြင်းလာကြတာအဲ့ဒီခင်မင်မှု
သံယောဇဥ်ဆိုတာလုံးဝဖျက်မရဘူး
မဟုတ်တာလျှောက်မပြောနဲ့'' လို့

ဝမ်ကစိတ်ဆိုးစွာပြန်ပြောတယ်။

''ဝမ်ရယ်ပြန်လာပါတော့''
လို့ပြောတိုင်းလဲ​

''ြဲပန်လာမှာပေါ့ကောသတိရတာနဲ့ပြန်လာမယ်'' တဲ့

ထိုနေ့ကိုရှောင်းကျန့်အမြန်ရောက်ချင်နေပါပြီ။

ပိတောက်နဲ့ သင်္ကြန်❤ကျန့်ကျန့်နဲ့ဝမ်ဝမ်Where stories live. Discover now