အပိုင်း23
သားဝမ်နဲ့ဖုန်းပြောပြီးခနအကြာသား
ရှောင်းနိုးလာလေသည်။''မား''
''ဟင်သားရှောင်းနိုးလာပြီလား''
''ဟုတ်..မား...ကသားအခန်းထဲဘယ်လို
ရောက်နေတာလဲဟင်''''ညကညည်းနေတဲ့အသံကြားလို့ဝင်ကြည့်တော့သားကအဖျားတက်နေတာလေ
အခုတော့အဖျားမရှိတော့ပါဘူး''''သားဘယ်လိုနေသေးလဲ''
''သားသက်သာနေပါပြီ''
ရှောင်းကျန့်သူဖုန်းကိုမြင်လိုက်၍''မားသားဖုန်းလာသေးလားဟင်''
''လာတယ်သားဝမ်ဆက်တာ''
''ဟင်ဝမ်..ဝမ်ရိပေါ်ဖုန်းဆက်တယ်ဟုတ်လားမားသူဘာပြောသေးလဲဟင်မားကသားကိုနိုးလိုက်တာမဟုတ်ဘူး''
''အမလေးတော်လာပြန်ပြီနောက်တစ်ယောက်ငါ့ကိုအပစ်တင်နေပြန်ပြီ''
''ဟင်ဘာပြောတာလဲမား''
''သားဝမ်ပေါ့သားကိုဂရုမစိုက်ဘူးပစ်ထားကြတယ်တဲ့သူမရှိလို့သားဖျား
ရတာတဲ့''ရှောင်းကျန့်ပြုံးလိုက်မိတယ်။
ဒါကိုရှောင်းမားကလဲမြင်လိုက်သည်။.''အဲ့ဒါသားနိုးလာရင်ဆန်ပြုတ်ကျွေးပြီး
ဆေးတိုက်လိုက်ပါတဲ့ပြီးရင်အနွေးထည်ထပ်ထားပေးတဲ့အပြင်တွေမထွက်ခိုင်းနဲ့ရေမဆော့ခိုင်းနဲ့တဲ့မှာသွားတယ်''''သားကိုနိုးပေးရမလားဆိုတော့စိတ်ဆိုးပါရောဖျားနေတာကိုအိပ်ပါစေတဲ့ကင်မရာကိုသားဘက်လှည့်ပြပေးဆိုလို့သားကိုပြပေးရသေးတယ်''
''.ဟီး .ဝမ်ကတော့လေ''
ရှောင်းကျန့်ရင်ထဲြကည်နူးမှုလေးဖြစ်သွားရသည်။
ရှောင်းမားသားရဲ့နဖူးကိုစမ်းလိုက်ကာ''အဖျားတော့ငွေ့ငွေ့လေးကျန်တော့တာပါကဲအဲ့ဒီတော့သားဆန်ပြုတ်သောက်ဖို့
နဲ့ဖိုးနဲ့ဖွားအတွက်မားသွားချက်လိုက်ဦးမယ်အိပ်နေဦးနော်''''ဟုတ်မား''
ရှောင်းကျန့်ပြန်အိပ်သွားမှ
ရှောင်းမားအပြင်ထွက်လိုက်တယ်။
YOU ARE READING
ပိတောက်နဲ့ သင်္ကြန်❤ကျန့်ကျန့်နဲ့ဝမ်ဝမ်
Roman d'amourပိတောက်ပန်းလေးကနွေရဲ့အလှကိုဖော်ပြသလိုသူ့ရဲ့အဓိပ္ပါယ်က ''မင်းက ကိုယ့်အတွက်ရှားပါးတဲ့ဆုလာဘ်ပါ''တဲ့ ''ရှောင်းကျန့်မင်းကငါ့ဘဝရဲ့အလှပဆုံး ကမ္ဘာလေးတစ်ခုဖြစ်သလို ငါ့ဘဝရဲ့ရှားပါးတဲ့ဆုလာဘ်တစ်ခု အဖိုးတန်ရတနာလေးပါကွာ'' wang yi bo ''ပန်းပိတောက်လေးတွေကမိုးရေပက် ...