ပိတောက်နဲ့ သကြ်န်❤ကျန့်ကျန့်နဲ့ဝမ်ဝမ်

149 2 0
                                    


အပိုင်း❤1

နွေရာသီတန်ခူးလမနက်ခင်းရန်ကုန်မြို့ကြီးကနွေရာသီပီပီပူလောင်သည်။
ညကပူလွန်းသောကြောင့်တော်တော်နဲ့အိပ်မပျော်။

အဲယားကွန်းဖွင့်ထားသော်လဲသူကအအေးဒဏ်သိပ်မခံနိုင်သလိုအပူဒဏ်ကြောင့်လဲချွေးထွက်လွယ်တယ်။

ဒီနေ့သကြ်န်အကြိုနေ့

မနက်ခင်းလေနွေးနွေးတို့ကပြတင်းမှတဆင့်တိုးဝင်လာ၍ရှောင်းကျန့်နိုးလာတယ်။
နိုးနိုးခြင်းတဖက်အိမ်ကိုကြည့်လိုက်တော့ဝမ်ရိပေါ်တို့ထဦးမယ်မထင်။
သူအိပ်ရာထဲကမထသေးဘဲဟိုတွေးဒီတွေးနေတယ်။
''ဒေါက် ဒေါက်''သားကျန့်ရေနိုးပြီလား၊မားဝင်လာပြိနော်''
မားကသူ့ကုတင်နားကပ်လာပြီး

''သားကျန့်မထသေးဘူးလား၊ထတော့လေမားကိုစျေးလိုက်ကူဦးမနေ့ကသကြ်န်ကြိုဖို့အတာပန်းဝယ်ဖို့ဟာမေ့သွားတယ်''လိုက်ကူနော်ပြီးတော့မားတို့ဟိုဘက်လမ်းကဒေါ်တုတ်မုန့်ဟင်းခါးစားကြမယ်''

''ထမျက်နှာသစ်ပြီးပြင်ဆင်ခဲ့
''
''ရှောင်းကျန့်မထချင်ထချင်နဲ့ထပြီးရေချိုးခန်းထဲဝင်သွားတယ်

(မားကတရုတ်စစ်စစ်ပေမဲ့အန်တီဝမ်နဲ့ပေါင်းမိထဲကမြန်မာ့အယူအစတွေလိုက်လုပ်တာအန်တီဝမ်ကတော့မြန်မာစစ်စစ်ပါ။
ရိပေါ်အဖေကတရုတ်။ရိပေါ်အဖေကမြန်မာပြည်မှာစီးပွားရေးလာလုပ်တယ်အန်တီဝမ်ကကျောင်းဆရာမလေး။အန်တီဝမ်ရဲ့မြန်မာအမည်ကဆူးနှင်းဆီချောလိုက်တာမပြောနဲ့။ကျွနတော်တို့ကတော့မားမားဝမ်လို့ပဲခေါ်တယ်)
''ဟဲ့သားမလာသေးဘူးလားနေမြင့်တော့မယ်မြန်မြန်လာ''
''လာပြီမားရေ''
ရှောင်းကျန့်အောက်ရောက်တော့မား
လက်ထဲကခြင်းကိုယူပြီးကားဆီထွက်ခဲ့
တယ်
အိမ်မှာကအလုပ်သမားအများကြီးရှိပေမဲ့ပွဲတော်ချိန်တွေဆိုအလုပ်နားခွင့်ပေး
တယ်။
မားကသံအမတ်ကတော်ဆိုပေမဲ့ဟိတ်ဟန်မရှိဘူး။အဲ့တော့မားကိုလူတိုင်းကခင်ကြတယ်၊

ရှောင်းကျန့်တို့ကားလေးဝမ်ရိပေါ်အိမ်ရှေ့ရောက်တော့တွေ့လိုက်ရတဲ့သူ
ကြောင့်စိတ်တိုလာတယ်။

*''ဟွန်း ဝမ်ရိပေါ်မင်းကအရင်လိုမဟုတ်တော့ဘူးပဲ''*
ရှောင်းကျန့်တို့ကားလေးစျေးရှေ့ရောက်တော့မားနဲ့သူစျေးထဲဝင်လိုက်ကြတယ်။

ပိတောက်နဲ့ သင်္ကြန်❤ကျန့်ကျန့်နဲ့ဝမ်ဝမ်Where stories live. Discover now