မကြာခင်ပထမနှစ်ဝက်စာမေးပွဲဖြေရတော့မှာမို့ကျောင်းသား/သူအားလုံးစာထဲခေါင်းစိုက်နေကြလေ
ပြီ။ရှောင်းကျန့်မှာလည်းစာမေးပွဲဖြေရမှာ
ထက်..ဝမ်ရိပေါ်ကိုဖွင့်ပြောရမှာကိုပိုရင်ခုန်စိတ်လှုပ်ရှားနေတော့သည်။ဒီနေ့ကဝမ်ရိပေါ်အဖျားပျောက်ပြီမို့ကျောင်းပြန်တက်နေပြီ။ဒါကြောင့်ရှောင်းကျန့်မျက်နှာမှာပြုံးရွှင်နေတော့သည်။
အာကာတို့သုံးယောက်ကတော့သူ့ကိုမြင်တာနဲ့ဖိုက်တင်းဟူသောအမူအရာကို
လုပ်ပြကြလေသည်။ဝမ်ရိပေါ်ကတော့ဒီကောင်တွေနှင့်သူကျောင်းမတက်တဲ့ရက်ပိုင်းအတွင်း
အရမ်းရင်းနှီးနေလို့အံသြနေတယ်။ရှောင်းကျန့်ပုံစံကလဲလူသိမခံဝံသောကိစ္စတခုခုကိုခိုးလုပ်နေတဲ့ပုံ။ဘာများလဲ။
ဝမ်ရိပေါ်စိတ်ယားနေလေပြီ။ဆရာတွေကလဲတချိန်ပြီးတချိန်မလွတ်တမ်းစာချည်းလိမ့်သင်တော့သည်။
စာမေးပွဲဖြေရတော့မှာမို့သူတို့ကိုအသားကုန်မောင်းနေတာနားချိန်ကိုမရှိ။စကားပြောချင်လဲမရပေ။ဒါကြောင့်အိမ်ပြန်ရောက်မှသာမေးတော့မည်ဟု။
အိမ်ပြန်ရောက်လဲကျူရှင်ဆရာဂိုက်ဆရာတွေနဲ့ထပ်သင်ထပ်ကျက်ရပြန်သည်။
❤❤❤❤❤❤❤❤❤❤❤❤❤
ဒီနေ့ကစနေနေ့မို့ကျောင်းပိတ်တယ်။
ဝမ်ရိပေါ်အိပ်ရာကထပြီးမျက်နှာသစ်သွားတိုက်ကာရေပါတခါထဲချိုးလိုက်
တယ်။မိုးရာသီဆိုပေမဲ့ပူအိုက်နေတာရန်ကုန်မြို့က။
💕💕💕💕💕💕💕💕💕💕💕💕💕
ရှောင်းအိမ်တော်မှရှောင်းကျန့်တို့ကတော့သီချင်းညည်းရင်းအပင်တစ်ပင်ကိုရေလောင်းနေတယ်။
ဒီအပင်လေးကသူဝမ့်ကိုချစ်တယ်ဆိုတာသိလိုက်ရတဲ့နေ့လေးမှာစိုက်ခဲ့တာ။
သူများဆီကတောင်းပြီးပေါ့။
ဒီအပင်လေးက...ခရေပန်းပင်။သူအဖြစ်ကလဲဒီခရေပန်းလေးနဲ့ထပ်တူကျနေတာလေ။
ခရေပန်းရဲ့အဓိပ္ပါယ်ကသူကိုကောက်ယူမဲ့သူကိုစောင့်နေတာ။ပန်ချင်သူကအခူးကိုမစောင့်ပဲမြေပေါ်ကြွေဆင်းပြီးစောင့်နေတဲ့သဘော။
YOU ARE READING
ပိတောက်နဲ့ သင်္ကြန်❤ကျန့်ကျန့်နဲ့ဝမ်ဝမ်
Storie d'amoreပိတောက်ပန်းလေးကနွေရဲ့အလှကိုဖော်ပြသလိုသူ့ရဲ့အဓိပ္ပါယ်က ''မင်းက ကိုယ့်အတွက်ရှားပါးတဲ့ဆုလာဘ်ပါ''တဲ့ ''ရှောင်းကျန့်မင်းကငါ့ဘဝရဲ့အလှပဆုံး ကမ္ဘာလေးတစ်ခုဖြစ်သလို ငါ့ဘဝရဲ့ရှားပါးတဲ့ဆုလာဘ်တစ်ခု အဖိုးတန်ရတနာလေးပါကွာ'' wang yi bo ''ပန်းပိတောက်လေးတွေကမိုးရေပက် ...