အပိုင်း❤27
နံနက်ခင်းအလင်းရောင်
ကပြတင်းပေါက်မှတစ်ဆင့်အခန်းထဲဝင်ရောက်လာသဖြင့်ရှောင်းကျန့်နိုးလာလေသည်။တင်းကျပ်စွာဖက်ထားခံရမှုကြောင့်ဝမ်ရိပေါ်ရဲ့ရင်ခွင်ထဲသူရောက်နေမှန်းသိ
လိုက်ရသည်။ရှောင်းကျန့်မျက်လုံးအသာဖွင့်ကြည့်တော့မြင်လိုက်ရတဲ့ရင်ခွင်ကျယ်ကနွေးထွေးပြီးကိုယ်သင်းရနံလေးလဲရနေ
သဖြင့်တိတ်တဆိတ်ခိုးရှုလိုက်တယ်။ပြီးတော့ဝမ့်ရဲ့မျက်နှာကိုမော့ကြည့်
လိုက်တယ်။
မျက်ခုံးထူထူနှာခေါင်းလုံးလုံးနဲ့နှုတ်ခမ်းလေးကဆွဲဆောင်မှုအပြည့်။ထင်းနေတဲ့
မေးရိုးကယောကျာ်းပီသမှုကိုပြနေ
တယ်။ဝမ့်ရဲ့ချောမောမှုကိုငေးကြည့်နေမိတဲ့သူ့အဖြစ်ကိုသဘောကျစွာရယ်လိုက်
တယ်။''ငါတော့ဝမ့်ရဲ့အချစ်ညွတ်ကွင်းထဲမိနေပြီပဲမဟုတ်ဘူးငါကိုယ်တိုင်တိုးဝင်နေတာ''
သူ့ကိုဖက်ထားတဲ့ဝမ့်ရဲ့လက်ကို
အသာဖယ်လိုက်ပြီးအိပ်ရာထဲကထ
လိုက်တယ်။
ဝမ်ရဲ့ပါးကိုအနမ်းဖွဖွပေးလိုက်ပြီး''goodmorningပါ..ဝမ်
မနက်မိုးလင်းလို့ငါမျက်လုံးဖွင့်လိုက်တာနဲ့မင်းကိုတွေ့လိုက်ရလို့ဒီနေ့လေးကအရမ်းလှပသွားပြီ''ရှောင်းကျန့်တိုးတိုးလေးပြောလိုက်
တယ်။ခန္ဓာကိုယ်တချက်လူးကာဝမ်ကဟိုဘက်လှည့်အိပ်သွားတယ်။ရှောင်းကျန့်ကုတင်ပေါ်ကဆင်းလိုက်
တယ်။ဝမ်ကနှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်နေတာ။
သူဒီအိမ်မှာပဲတကိုယ်ရေသန့်ရှင်းရင်ရပေမဲ့အိမ်မှာပဲပြန်သစ်တော့မည်။ရှောင်းကျန့်ဝမ့်ကိုမနိုးတော့ဘဲအခန်း
ပြင်ထွက်ကာတခါးကိုအသာပြန်ပိတ်ပေးလိုက်တယ်။
အိမ်အောက်ထပ်ရောက်တော့အိမ်တော်ထိန်းဦးလေးနဲ့တွေ့သည်။''သားရှောင်းနိုးပြီလားအိမ်ပြန်တော့မလို့လား''
''ဟုတ်''
''မနက်စာစားသွားဦးလေ''
''တော်ပြီဦးလေးကျွန်တော်ပြန်ပြီနော်''
YOU ARE READING
ပိတောက်နဲ့ သင်္ကြန်❤ကျန့်ကျန့်နဲ့ဝမ်ဝမ်
Romantizmပိတောက်ပန်းလေးကနွေရဲ့အလှကိုဖော်ပြသလိုသူ့ရဲ့အဓိပ္ပါယ်က ''မင်းက ကိုယ့်အတွက်ရှားပါးတဲ့ဆုလာဘ်ပါ''တဲ့ ''ရှောင်းကျန့်မင်းကငါ့ဘဝရဲ့အလှပဆုံး ကမ္ဘာလေးတစ်ခုဖြစ်သလို ငါ့ဘဝရဲ့ရှားပါးတဲ့ဆုလာဘ်တစ်ခု အဖိုးတန်ရတနာလေးပါကွာ'' wang yi bo ''ပန်းပိတောက်လေးတွေကမိုးရေပက် ...