ပိတောက်နဲ့ သကြ်န်💕ကျန့်ကျန့်နဲ့ဝမ်ဝမ်

60 2 0
                                    

ပိတောက်နဲ့သကြ်န်❤ကျန့်ကျန့်နဲ့ဝမ်ဝမ်
အပိုင်း ❤ 8

တန်ခူးလနွေရာသီ

သကြ်န်ပြီးသွားတော့ရှောင်းကျန့်နဲ့ဝမ်ရိပေါ်တို့ အိမ်မှာနေနေကြရတယ်။
ခရီးထွက်ချင်တယ်ပြောတော့မရဘူးဒီနှစ်ကဆယ်တန်းမို့စာကြိုးစားရမယ်။နောက်နှစ်နွေရာသီမှပို့ပေးမယ်တဲ့။

''ရှောင်းကျန့် ရေဆရာရောက်ပြီ လာခဲ့တော့''

''အေးအေး''

ခုသူတို့ကအိမ်မှာဆရာခေါ်သင်ကြတာ။ချမ်းသာတဲ့မိသားစုကမို့အကောင်းဆုံးဆရာ/ဆရာမများကိုခေါ်ကာအိမ်မှာသင်စေသည်။
ဝမ်ရိပေါ်ကရှောင်းကျန့်နဲ့တူတူစာသင်ရမှကြိုက်တာငယ်ငယ်ထဲကပင်
။ရှောင်းကျန့်တခြားမှာစာသွားသင်လျှင်အိမ်မှာဆူပူငိုယိုနေတတ်သည်။

ရှောင်းကျန့်သင်ရမဲ့စာအုပ်တွေယူပြီး
ဝမ်အိမ်တော်ဘက်ကူးလိုက်တယ်။
ဝမ်အိမ်ထဲရောက်တော့ဝမ်ရိပေါ်စောင့်နေတာမြင်ရတယ်။

"လာမြန်မြန်ဆရာရောက်နေပြီ''

''အင်းပါ''

ဝမ်အိမ်ကငါးထပ်တိုက်ဖြစ်သည်။
သူတို့အိမ်ပေါ်တတိယထပ်
ထပ်ကိုတက်ခဲ့လိုက်တယ်။ဝမ်အိမ်ကရှောင်းကျန့်ငယ်ငယ်ထဲကလည်ပတ်နေခဲ့တာမို့မစိမ်း။
သူတို့ဧည့်ခန်းမှာထိုင်လိုက်ကြတယ်။တတိယထပ်ဧည့်ခန်းမှာဝမ်ပါးက
white board တပ်ထားပေးတယ်။

"မဂ်လာပါဆရာ"

ဆရာ့ကိုနှုတ်ဆက်ပြီး

ရှောင်းကျန့်နဲ့ဝမ်ရိပေါ်နေရာမှာဝင်ထိုင်
လိုက်တယ်။

''ကဲဆရာကမြန်မာစာသင်မှာနော်အဲ့တော့ကဗျာစာအုပ်အရင်ထုတ်''

''ဟုတ်ကဲ့''

''အရင်ဆုံးရွှေနှင့်ယိုးမှားပန်းစကားရဲ့ခက်ဆစ်ကိုကျက်ရအောင်''

''ဟုတ်ဆရာ''

သူတို့လဲဆရာပြောတဲ့အတိုင်းကျက်လိုက်ကြတယ်။ပြီးတော့ဆရာက ကဗျာရဲ့
အဓိပ္ပါယ်တွေရှင်းပြတယ်။

ရှောင့်ကျန့်မြန်မာပြည်ရောက်ကာစက
မြန်မာစကားမပြောတတ်။ရှောင်းမားနဲ့ရှောင်းကျန့်ကဝမ်မားတို့ဆီကသင်ရတယ်။

ပိတောက်နဲ့ သင်္ကြန်❤ကျန့်ကျန့်နဲ့ဝမ်ဝမ်Where stories live. Discover now