Ep-2 (Uni/ZG)

267 16 2
                                    

မနေ့ညက မပြီးပြတ်လိုက်သည့် အလုပ်ကိစ္စများကို လက်စဖြတ်ရန်အတွက် ပုံမှန်ရုံးတက်ချိန်ထက် နာရီ၀က်စော၍ အိမ်မှထွက်လာခဲ့လိုက်သည်၊သူရုံးကိုရောက်တော့ ၇နာရီနှင့်၃၀မိနစ်။

ရုံးတက်ချိန်မှာမူ ၉နာရီဖြစ်သော်လည်း ၈နာရီ၄၅တွင် ၀န်ထမ်းများအားလုံးအရောက်လာရသည်၊ထိုမှစ၍ ၅မိနစ်နောက်ကျတိုင်း အချိန်ပို မိနစ်၂၀အလုပ်ဆင်းရသည်။

ကမ္ဘာအနှံ့ ကုမ္ပဏီရုံးခွဲများ ဆောက်လုပ်ထားနိုင်သော "Ne empire"သည် ထင်ထားသည်ထက် ပိုမိုကျယ်ပြန့်သည်၊ခေါင်းစဥ်ခွဲများဖြင့် အ၀တ်အစား၊အစားအသောက်၊အပန်းဖြေဟိုတယ်များ၊ကျန်းမာရေးစင်တာများ၊ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ခေတ်နှင့်အမှီလိုက်ထုတ်နိုင်သော မော်တော်ယာဥ်များ စသည်ဖြင့် ကဏ္ဍမျိုးစုံထားရှိသည်။

ထို့ကြောင့်သက်ဆိုင်ရာနယ်ပယ်အလိုက် နိုင်ငံခြားမှခေါ်ယူထားသည့်၀န်ထမ်းများရောရှိသည်၊ "Ne empire"၏ စားသောက်ဆိုင်များတွင် နိုင်ငံခြားမှ ခေါ်ယူထားသော နာမည်ကြီးစားဖိုမှူးများထားရှိသည်။နည်းပညာအလိုက် ခေတ်မှီသော အင်ဂျင်နီယာများ၊ပညာရှင်များဖြင့် ပြည့်ကြပ်နေသော နေရာတွင် သာမန်ဘွဲ့တစ်ခုရရုံဖြင့် အလုပ်ရဖို့မလွယ်၊ထို့ကြောင့် ပြည်တွင်းမှmasterဘွဲ့ရထားသူများနှင့် နိုင်ငံခြားမှဘွဲ့လက်မှတ်တစ်ခုခုရသူများသာ များသည်။

အသက်၃၅နှစ်အရွယ် လူငယ်လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဘုန်းထည်ယံဏီသည် millionနှင့်ချီပြီး ချမ်းသာသည်ဟု အများကထင်ကြေးပေးကြသည်၊သို့သော် ဒါက နှုတ်ခမ်းဖျားဆီက သတင်းတစ်ခုသာ၊သူ၏ တကယ့် ငွေကြေးချမ်းသာမှုကိုတော့ မည်သူမှအတိအကျမသိကြရ။

ရုံးတက်ရန် တစ်နာရီကျော်ကျော်လိုသေးသောအချိန်တွင် ၀န်ထမ်းများလည်း မရှိကြသေး၊အောက်ထပ်၌ အချိန်ပြည့် လုံခြုံရေး၀န်ထမ်း ၇ဦးနှင့် သန့်ရှင်းရေး၀န်ထမ်းအချို့သာရှိကြသည်။

ဘုန်းထည်ယံဏီအတွက် သီးသန့်ထားရှိသည့် VIPဓာတ်လှေကား ပေါ်သို့ တက်ကာ ၇လွှာသို့တက်ခဲ့လိုက်သည်။

Beyond the RainbowWhere stories live. Discover now