Scroll down for ZG
တစ်ဖက်တွင်လည်း ခွန်းခတစ်ယောက် ကလေးမလေးလက်ဆွဲကာ ထွက်သွားသည်မို့ Elivs ဘုံပျောက်ရလေတော့သည်။လုပ်စရာမရှိတာနဲ့ Elivs စားပွဲခုံပေါ်မှာ ခေါင်းတင်ရင်းမှောက်အိပ်လိုက်သည်။ထိုချိန် စားပွဲခုံကိုလာခေါက်တဲ့သူကြောင့် ခေါင်းမော့ကြည့်မိတော့
ဟိုတစ်နေ့ကလူပဲဖြစ်သည်။နှုတ်ခမ်းမှာ လည်း သူထိုးထားလို့ကျန်နေသေးတဲ့အမှာရွတ်တစ်ချို့လည်းတွေ့သည်။
"မင်းတို့သူဌေး အထဲမှာရှိလား"
သူမေးတာကိုပြန်မဖြေဘဲ မျက်မှောင်ကုတ်ကြည့်မိတော့မှ ထိုလူကသတိရသွားဟန်ဖြင့် လက်ညှိုးထိုးရင်း
"မင်း"
Elivs ဂျိုကြည့်ကြည့်ကာ ဘာလဲဟုသော သဘောနဲ့မေးဆက်ပြတော့
"ဘုန်းထည်ယံဏီရော"
"မသိဘူး အထဲမှာရှိချင်ရှိမှာပေါ့"
သူ့စကားကြောင့် အဲ့လူမျက်နှာကမချဉ်မပြုံးဖြစ်ကာ
"ငါ့ယောက်ဖက ဝန်ထမ်းရွေးတော်တာပဲ"
ပြောရင်း Elivs ဆွဲထားတဲ့ ဝန်ထမ်းကတ်ကို လှမ်းဆွဲကာကြည့်လေသည်။
ထို့နောက်သူ့ဝန်ထမ်းကတ်ကိုကြည့်လိုက် သူ့ကိုကြည့်လိုက်နဲ့ လှောင်သလိုလိုလုပ်လေသည်။ပါးစပ်မှလည်း
"ဖိုးထောင်"ဟုပြောရင်း တစ်ဆက်တည်း "လှသားပဲ"ဟု ပြောပြန်သည်။
Elivs သူ့ကတ်ကိုပြန်ဆွဲလုလိုက်ရင်း ဂျိုကြည့် ပြန်ကြည့်သည်။
သူ့ကိုများစနေသည်ထင်လားမသိ ထွန်းတောက်၏မျက်နှာသည် ပို၍ပင် ပြုံးရိပ်သန်းလာသည်။
တိုက်တိုက်ဆိုင်ဆိုင် ခွန်းခနဲ့ ကလေးမလေးလည်း ပြန်ရောက်လာသည်မို့ ထိုလူက ခွန်းခနောက်သို့လိုက်ကာ ရုံးခန်းထဲဝင်သွားတော့သည်။မသွားခင်လည်း Elivsကို သေချာစိုက်ကြည့်နေတာကြောင့် Elivsတစ်ယောက် စိတ်တိုနေပြီ။
ခွန်းခနောက် ပါသွားတဲ့ ထွန်းတောက်ကို ရုံးခန်းထဲဝင်သည်ထိ လိုက်ကြည့်မိနေသည်က ခွန်းခကိုစိတ်ပူလို့သာပင်။
ရုံးခန်းထဲရောက်တော့ ဦးထည်ယံဏီက ထွန်းတောက်ကိုမှာစရာရှိတာမှာလေသည်။