"အန်ကယ်ရေ ဒီကအကို့အတွက် တစ်ပွဲ"
"အေးအေး"
"ဟင်းရည်ထည့်ဦးမလား ညီမ"
အလှူအိမ်သို့ရောက်နေခြင်းမဟုတ်ပါ၊အကြောင်းကား မနက်စောစောစီးစီး ရန်ခွန်းသော်ခ သယ်လာသော မုန့်ဟင်းခါးအိုးကြောင့်ပင်။
မသိတဲ့လူများကတော့ ၇လွှာတွင် အလှူကျနေပြီဟုထင်သွားနိုင်သည်၊ဟင်းရည်အိုးတစ်အိုးနှင့် မုန့်ဖက်၊အကြော်၊ငါးဖယ်၊နံနံပင် အားလုံးစုထည့်ထားသော လင်ဗန်းတစ်ခုကိုပါ မချလာသည်။
၇လွှာက လူ၁၀ယောက်အတွက်တော့ ကုန်နိုင်လောက်သည့်အနေအထားပင်၊ယခု လူမစုံသေးတာတောင် ဟင်းရည်အိုး တစ်၀က်ကျိုးနေပြီမဟုတ်ပါလား
ဟင်းရည်ပူပူလေးနှင့် မုန့်ဖက်ဖွေးဖွေးဖြူလေးက စားချင်စိတ်ကို နှိုးဆော်နေသယောင်၊
စပါးလင် အနံ့ မွှေးမွှေး ... ငါးဖတ်တွေ များများနဲ့ ပျစ်ခဲနေတာ၊
ဟင်းချိုမှုန့်မပါ၊အသားမှုန့် အရသာ မပါပဲ သဘာ
ဝ ငါးအချိုကို ခံစားရတာပဲသီးသန့်ပန်းကန်ထဲမှာလဲ ငါးဖယ် အိုးဘဲဥ အကြော် ငါးဥတွေထည့်ထားပေးထားတော့ စိတ်ကြိုက်ယူစားရုံပဲ၊အနံ့ကမွှေးသလားဆို ဓာတ်လှေကားတံခါးဖွင့်တာနဲ့ စိတ်ကိုဖမ်းစားထားလိုက်ပြီးသား
"အိုးမိုင်ဂေါ့ ဒါဘယ်ကအနံ့လဲ"
"ဟော လာလာ ဒီမှာမုန့်ဟင်းခါးကျွေးနေတာ"
"ဟယ် မွှေးတာနော် ဘယ်က၀ယ်ထားတာလဲ ဦးနေလင်းရေ"
"မဟုတ်ပါဘူး ရူပါရယ် အဲ့တာ ခွန်းခယူလာတာ သူ့အမေချက်ထားတာလေ"
"ခွန်းခဆိုတာ မနေ့က ခရမ်းရောင်လေးလား"
"ဟုတ်ပဗျာ ခွန်းခ ဒီဘက်ခဏလာဦး"
မုန့်ဟင်းခါးပန်ကန်ပြင်နေတဲ့ ခွန်းခက ဦးနေလင်းစကားအဆုံး အမြန်ပြေးလာလေသည်။
"ခွန်းခ ဒါက အ၀တ်အစားပိုင်းကိုတာ၀န်ယူထားတဲ့ မခင်ရူပါ၊ဖက်ရှင်ဘက်မှာဆို သူကရာထူးအကြီးဆုံးပေါ့"
ဖက်ရှင်အမြင်ရှိသူညီညီ ၀တ်ဆင်ထားသည့် ၀တ်စုံကပါ ခေတ်ရှေ့ပြေးလှပါသည်၊အဖြူရောင် ကုတ်အင်္ကျီကို အပြာနုရောင် စတိုင်ပန်နဲ့တွဲ၀တ်ဆင်ထားသည်၊ပန်းရောင်ခါးပတ်အပြားကြီးကြီးကိုလည်းပတ်ထားသည်၊အနုရောင်တွေကိုပဲ တွဲ၀တ်ဆင်ထားသောကြောင့် ယဥ်ယဥ်လေးလှနေပါသေး...နားမှတွဲကျနေသည့် နားကွင်းကြီးက ခမ်းနားမှုကိုပြသလျှက်