စောစောစီးစီးထမြည်လာတဲ့ဖုန်းသံကြောင့် ခွန်းခလဲမျက်လုံးကိုခပ်ကြမ်းကြမ်းဆွဲပွတ်ရင်းဖုန်းကိုလှမ်းယူလိုက်သည်။
ပြတင်းပေါက် လိုက်ကာကြားမှ တိုးဝေ့လာတဲ့ နေရောင်ခြည်ခပ်ဖျော့ဖျော့က သူ၏အိပ်ရာရှိရာသို့ တည့်တည့်မတ်မတ်ကျရောက်နေသည်။
Contact nameကိုကြည့်လိုက်တော့ အခြားမဟုတ်...Elvis
Aussie မှာတုန်းက ခွန်းခအခင်ဆုံးသူငယ်ချင်း။လူဖြူတစ်ယောက်ဖြစ်တဲ့အယ်ဗစ်က သူနဲ့စသိကတည်းက အနီရောင်ဆံပင်နဲ့ခပ်မိုက်မိုက်ဒီဇိုင်းဖြစ်သည်။
အရပ်က၆ပေရှိသော်လည်း ဟိုကလူတွေနဲ့ဆိုရင်တော့ ပုံမှန်အရပ်ဟုသာထင်ရသည်။ရုပ်ချောကာ သန့်သန့်ပြန့်ပြန့်နေတတ်သော အယ်ဗစ်ကစော်ကြည်သော်လည်း ရည်းစားထားတာမမြင်ဖူးပါ။တစ်ခါတစ်လေ အိပ်ဖော်အိပ်ဖက်ဟုထင်ရသော ကောင်လေးတစ်ချို့သူ့နားမှာရှိသော်လည်း လူတစ်ယောက်ကို၃ရက်ထက်ပိုကြာအောင်မဆက်သွယ်ပါ။ထို့ပြင်အယ်ဗစ့်၏ဖခင်က ကျောင်းကရှယ်ယာအများဆုံးကိုပိုင်ဆိုင်ထားသူဖြစ်၍ ပြီးပြည့်စုံတဲ့သူဌေးသားလေးဟု နာမည်ကြီးသည်။ဥစ္စာပေါ ရုပ်ချောတဲ့အယ့်ဗစ်က သူ့ကိုတော့အတော်ခင်ရှာသည်။ဩဇီမှာနေတုန်းက သူ့ကိုဂရုအစိုက်ဆုံးလူဖြစ်သည်။ချေတဲ့လို့နာမည်ကြီးတဲ့သူက ခွန်းခအပေါ်တွင်တော့ အကောင်းဆုံးတွေကိုသာ ပေးလိုသူဖြစ်သည်။"bro"
"Khun kha?"(ခွန်းခလား)
"No,ur father"(မဟုတ်ဘူး မင်းအဖေ)
"Haha!!I really miss you khun"(ဟားဟား ငါမင်းကိုတကယ်လွမ်းနေတာ)
တစ်ဖက်ကရီသံကြောင့်ခွန်းခလဲပြုံးလိုက်မိတယ်။သူငယ်ချင်းတွေနဲ့ မဆုံတာ ဘယ်လောက်ကြာနေခဲ့ပြီလဲ...
"Same brooo"(တူတူပဲညီကို)
"Don't lie, U didn't even call me once!"(မညာစမ်းပါနဲ့ မင်းငါ့ကိုဖုန်းတစ်ခါတောင်မဆက်ခဲ့ပဲနဲ့)
"Noooo bro!It just...umm...I'm got some business that's why"(နိုးဘရို အဲ့တာက...ဒီတိုင်း...ငါအလုပ်လုပ်နေရလို့ မဆက်ဖြစ်တာ)
"Really Khun?"(တကယ်လား ခွန်း)
"Yep"