Ep-3 (Uni/ZG)

182 12 8
                                    

"သွားကြမလား ခွန်းသော်ခ"

ဘုန်းထည်ယံဏီ၏ စကားအဆုံးတွင် ရန်ခွန်းသော်ခတစ်ယောက် နှစ်ခြိုက်စွာ ပြုံးပြလိုက်မိသည်။

အောက်ထပ်ကားပါးကင်ရောက်တော့ ပြောင်လက်နေတဲ့ ခဲနုရောင် ကားအမြင့်တစ်စီးကိုတွေ့လိုက်ရသည်၊ကားပါကင်ရှိ ကားများဟာလဲ တံဆိပ်တစ်ခုတည်းသာ၊သည်ကားသည်လည်း ထိုကားများအတိုင်း "Sevo Ne" တံဆိပ်၊

သူများများစားစား မတွေးလိုက်ရပါ၊သေချာသည်က Ne empire မှထုတ်လုပ်သောကားများပင်၊Logoတံဆိပ်ဖြစ်သော ရွှေအိုရောင် သမင်ပုံစံငယ် တံဆိပ်ပြားကလေးဖြင့်

"ကိုယ်တို့ ကုမ္ပဏီက ထုတ်လုပ်တဲ့ကားတွေကို ၀န်ထမ်းတွေ ၀ယ်ရင် 35% discountလုပ်ပေးထားတယ်"

"ဒါဆို ကျွန်တော် ကား၀ယ်ရင်ရော 35%ရမှာလား အကို"

"မဟုတ်တောင် ဦးရန်လေငြိမ်းသားမို့ လျှော့ပေးရမာပေါ့ကွာ"

ခဲနုရောင်ကားထဲတွင်တော့ အဖြူရောင်ကိုဦးစားပေးကာ အသုံးပြုထားသည်၊အဖြူရောင်နဲ့ လိုက်ဖက်သည့် အညိုကိုတော့ ထိုင်ခုံတွင်အသုံးပြုလျှက်....

ရန်ခွန်းသော်ခအနေနဲ့ ဒီလိုကားမျိုးတစ်ခါမှ မတွေ့ဖူးခဲ့ပါ၊

"အကို ဒီက၀န်ထမ်းတွေက ကုမ္ပဏီကကားကိုပဲ စီးကြရတာလား"

"အမ်း အမိန့်တော့မထုတ်ထားပေမယ့် ကိုယ့်တို့ကုမ္ပဏီကကားပဲ ၀ယ်ကြတာများတယ်၊တချို့ကားကိုသုံးတဲ့လူတွေလည်း ရှိတာပေါ့"

"အဲ့လိုလူတွေကျရော အကိုတို့က ကြည်ဖြူရဲ့လား"

"အလုပ်ထုတ်ရုံကလွဲရင် ကြည်ဖြူပေးထားပါတယ်"

ကြားလိုက်ရသည့်အသံကြောင့် သောက်လက်စ ရေတောင်ဆက် မျိုမကျ၊တကယ့်ကို မာယာများတဲ့ ကုမ္ပဏီပါလား...

ဂွီ ဂွီ..ဂွီ

တိတ်ဆိတ်နေသော ကားထက် ပီပီသသ အသံများထွက်ပေါ်လာသည်။

တကယ့်ကို ခေါင်းပေါ်ဆင်နင်းခံလိုက်ရသလိုပင်၊ရန်ခွန်းသော်ခတစ်ယောက် ရှက်လွန်းလို့ ကိုယ့်မျက်နှာကိုယ် ဓားနဲ့ပါလှီးချင်လာမိသည်၊ပထမဆုံးတွေ့တဲ့နေ့မှာ ဘယ်လိုတောင် အရှက်ကွဲမှုမျိုးပါသလဲဒါက....

Beyond the RainbowWhere stories live. Discover now