ကုတင်ခေါင်းရင်းမှာ ခုန်ပေါက်နေတဲ့ Eilvsကြောင့် ခွန်းခလည်း သက်ပြင်းတစ်ချက် ရှိုက်လိုက်ရင်း
"ငြိမ်ငြိမ်နေစမ်းကွာမင်း မျောက်လိုလုပ်မနေနဲ့"
"အချစ်ကလည်း ငါတို့ခုမှတွေ့ရတာလေ"
"ခွဲရတာဖြင့် တစ်လတောင်မပြည့်သေးတာကို"
"ခွန်း မျောက်ကဘာလဲ"
"Monkey လေ"
သူ့စကားကြောင့်ထင်တယ် Elivs မျက်နှာနီရဲသွားသည်။နောက်တော့ သူ့အား ကလိလိုက်ထိုးသည်။ခွန်းအားချင်းမမျှတာမို့ Elivs လက်မောင်းတွေကြား ခွန်းခတစ်ယောက်နစ်မြှုပ်သွားရတော့သည်။Elivs ကသူ့အားဖက်ထားရင်း ကုတင်ပေါ်လှဲချလိုက်သည်။ခွန်းခခန္ဓာကိုယ်အား တင်းတင်းကြပ်ကြပ် ဖက်ထားဆဲပင်ဖြစ်သည်။
"အိပ်တော့ Elivs ငါမနက် အလုပ်သွားရဦးမှာ"
"အလုပ်?မသွားပါနဲ့"
"သွားရမှာ မသွားလို့ မ ရ ဘူး"
ခွန်းခ တစ်ခွန်းချင်းပြောလိုက်တော့ Elivs က မျက်နှာမဲ့သည်။
"ဘာလို့လဲ အလုပ်"
"ဟင် အလုပ်လား ဘာလို့လုပ်တာလဲမေးချင်တာလား"
"ဟုတ်တယ်"
"အစက အလုပ်လုပ်ရင် ဒယ်ဒီက ကားဝယ်ပေးမယ်ဆိုလို့"
"ကား?"
"အင်း"
"ငါဝယ်ပေးနိုင်တယ်"
"မရဘူး မဝယ်ပေးနဲ့"
"ဘာလို့လဲ မဝယ်ရတာ"
"ဘာလို့မလဲဘူး အစက ကားကြောင့်ဆိုပေမယ့် တကယ်လုပ်ကြည့်တဲ့အခါ အတွေ့အကြုံအများကြီးရတယ် နောက်ပြီး ဒီမှာက ဟိုမှာလိုမဟုတ်ဘူး စာတွေ့နဲ့လက်တွေ့ကွာခြားတော့ ပိုစိတ်လှုပ်ရှားစရာကောင်းတယ်"
"နောက်ပြီး ငါ အလုပ်မထွက်ချင်သေးဘူး"
"ဘာလို့လဲ မထွက်တာ"
"ဒီတိုင်း မထွက်ချင်သေးလို့"
"မင်းကစာတော်ပြီးသား အလုပ်မလုပ်လဲရတယ် ငါရှာကျွေးနိုင်သားပဲ အချစ်"
"အဟား မင်းတော်ကီတွေက အလန်းပါလား မှန်းစမ်း မင်းကိုဘယ်သူက မြန်မာစကားပြောနည်းသင်ပေးတာလဲ"