အဆုံးသတ်ကိုသာ ကြိုသိခဲ့မယ်ဆိုရင်လေ ကျွန်တော်ဒီနှစ်တွေထဲ ပျော်ခဲ့ရမယ်ထင်တယ်
#ဘုန်းထည်ယံဏီရွှေဝါရောင်မီးဆိုင်းများဖြင့် ချိတ်ဆွဲထားသည့် စားသောက်ဆိုင်တစ်ခု၊အစိမ်းနုရောင်နဲ့အဖြူရောင်ကိုရောယှက်ကာ အလှဆင်ထားသည့်နံရံ၊ရွှေဝါရောင် ကနုတ်ပန်းများက နံရံထက်တွင် လှလှပပ၊သစ်သားကြမ်းခင်းထက် အနီရောင်ကော်ဇောခင်းများဖြင့်ပြည့်နေသည်။
စားပွဲခုံအရှည်တစ်လျှောက် ထိုင်ခုံ၁၀လုံးချထားသည်၊စားပွဲထက်တွင်တော့ အရောင်အသွေးစုံလင်လှသည့် စားသောက်ဖွယ်ရာများက နေရာယူလျှက်...
စားပွဲ၏ ထိပ်တည့်တည့်တွင်တော့ ဦးထည်ယံဏီကနေရာယူသည်။
ညာဘက်တွင် ရန်ခွန်းသော်ခကထိုင်ပြီး၊ဘယ်ဘက်တွင်တော့ ဦးနေလင်းကနေရာယူလျှက်
"၀ါး စားကောင်းမယ့်ပုံပဲ"
ဆိုင်ရှေ့ကတည်းက စွဲဆောင်နေသည့်ရနံ့များ၊အကြည့်မလွှဲခွာနိုင်လောက်အောင် ညှို့စားပြင်းသည့် စားသောက်ဖွယ်ရာများ။
"ဒါဆို များများစားကြပါ"
ဘုန်းထည်ယံဏီ စကားအဆုံး ၀န်ထမ်းအားလုံး ဇွန်းနဲ့ခက်ရင်းကောက်ကိုင်ပြီး စားဟန်ပြင်ကြသည်။
ဦးနေလင်းကတော့ စားစရာတချို့ကို ဘုန်းထည်ယံဏီ ပန်းကန်ထဲထည့်ပေးနေသည်။
ထို့နောက် ဘီယာခွက်တချို့ သူတို့ရှေ့ရောက်လာသည်၊ပျော်ပွဲရွှင်ပွဲမို့ ဘီယာမသောက်ရန် တားမြစ်မထားပေ၊ဘုန်းထည်ယံဏီတစ်ယောက် ငြင်းဟန်ပြုပြီးမှ လက်ခံလိုက်တော့သည်။
ရန်ခွန်းသော်ခကတော့ ဘီယာခွက်မြင်ကတည်းက သွားရည်ကျမတတ် စိုက်ကြည့်နေလေသည်။
"cheer Ne Group ဒီထက်ပိုအောင်မြင်ပါစေ"
ကိုသူရစကားသံအဆုံး အားလုံးခွက်တွေမြှောက်ကာ လိုက်အော်ကြသည်။
ဘုန်းထည်ယံဏီလည်း ကြည့်ကောင်းရုံ တစ်ငုံသာသောက်လိုက်ပြီး ဘေးကိုကြည့်တော့ ခွန်းခက ခွက်အပြည့်ကို တစ်ကျိုက်တည်းမော့သောက်နေလေသည်။