မတွေ့ရခင်ကတည်းက
ဝေးဖို့ကြိုဖြစ်လာတာဟာ ကျွန်တော်တို့
ကံကြမ္မာပဲလား....
#ရန်ခွန်းသော်ခဩဂုတ်လ ၂၃ရက်၊မနက် ၇နာရီ၂၀မိနစ်
မိုးတွင်းကာလမို့ စောစောစီးစီး ကောင်းကင်က မိုးစက်များ တစ်ပျောက်စ နှစ်ပျောက်ကျနေသည်။ရာသီဥတုက အနည်ငယ်အေးသယောင်ရှိပြီး လမ်းပေါ်တွင်လည်း ကားတချို့ပိတ်လျှက်ရှိသည်။
ကားထဲတွင်မို့ အအေးဓာတ်အရမ်းမပြင်းပေမယ့် အေးစိမ့်စိမ့်တော့ဖြစ်နေလေသည်။
ကားမှန်ကနေတစ်ဆင့် အပြင်ဘက်လှမ်းကြည့်မိတော့ အဖြူအစိမ်းဝတ်စုံတွေနဲ့ ကျောင်းသွားဟန်ရှိတဲ့ ကလေးတွေကိုတွေ့ရသည်။
ခပ်အေးအေး မှန်ကို အာငွေ့လှမ်းပေးလိုက်ပြီး Kဟုရေးလိုက်သည်။စိတ်ထဲတွင်လည်း "ခွန်း"ဟု ပြောလိုက်မိသည်ထင်။ရေဒီယိုကနေလည်း မျိုးကြီးရဲ့ "ပြန်လာချိန်လေး" သီချင်းက ခပ်တိုးတိုး လွင့်ပြန့်လျှက်ရှိသည်။
"အေးရင် ကိုယ့်အင်္ကျီ ယူဝတ်ထားလေ ခွန်းခ"
အသံလာရာကြောင့် ဘေးကိုလှည့်ကြည့်မိတော့ ဦးဘုန်းထည်ယံဏီရဲ့ မျက်ဝန်းတွေနဲ့ ထိပ်တိုက်ဆုံသည်။ကလေးတစ်ယောက်ကို ကြည့်သလိုမျက်ဝန်းမျိုး အဲ့ဒီမျက်ဝန်းတွေက ဘာကြောင့်စွဲမက်ဖွယ်ကောင်းတာလဲ၊နောက်ပြီး ဘာရယ်ကြောင့်များ အဲ့ဒီမျက်ဝန်းတွေက ဝမ်းနည်းဖွယ်ကောင်းရသလဲ...
အတော်အတန်ကြာအောင် မျက်ဝန်းချင်းစစ်ပြိုင်ခင်းပြီးတဲ့နောက် စတင်အကြည့်လွဲခဲ့ရသူဟာ ရန်ခွန်းခသော်ခပါပဲ.....
ထိုသူ့မျက်ဝန်းတွေအား စိုက်ကြည့်နေဖို့အထိတော့ ခွန်းခမရဲပါ။
"ကျွန်တော်မအေးပါဘူးဦးထည်
ရပါတယ်"သို့ပေသည့်တိုင် တစ်ဖက်က သူ့စကားများကို နားမထောင်နေခဲ့ပါ။
ကားအနောက်ခန်းမှ အင်္ကျီကို လှမ်းဆွဲယူလိုက်ပြီး ခွန်းခအပေါ်သို့ ခြုံပေးလေသည်။
ထို့နောက် နှစ်လိုဖွယ်ကောင်းသော အသံဖြင့်....
"မအေးလဲခြုံထား ရာသီအကူးအပြောင်းမို့ ကလေးတွေဖျားတယ်"