တစ်မနက်ပိုင်းလုံး အေးအေးဆေးဆေးနဲ့ အားလုံးက ကိုယ်လုပ်စရာရှိတာလုပ်နေကြပေမယ့် ညနေပိုင်းတွင်တော့ အခြေအနေကမတူ။
အကြောင်းကား လူတစ်ဦးက ကြိုတင်ချိန်းဆိုထားခြင်းမရှိဘဲ ဦးထည်နဲ့တွေ့ရန် တောင်းဆိုနေသောကြောင့်ဖြစ်သည်။
ဦးနေလင်းရှိနေရင် ပိုကောင်းမည်ဟုတွေးမိသည်။ခက်တာကလဲ ဦးနေလင်းက အစည်းဝေးတစ်ခုသွားတက်နေသည်။
ဒီလူက စည်းကမ်းဖောက်ရုံတင်မက အရင်က ဦးထည်ကိုထိုးဖူးတဲ့လူဖြစ်နေသည်။ခွန်းခ သူ့ရှေ့ကပိတ်ရပ်ရင်း
"ဝင်မရပါဘူးဆို"
"ဘာလဲကွာ မင်းက ဖယ်စမ်း"
ခွန်းခလဲ စားပွဲပေါ်ကဖုန်းကိုကောက်ကိုင်လိုက်ပြီး
"လုံခြုံရေးခေါ်လိုက်မှာနော်"
ခွန်းခအပြောကြောင့် တစ်ဖက်လူက မျက်ခုံးတစ်ချက်ပင့်သွားပြီး သူ့ကိုစိုက်ကြည့်လာသည်။ခွန်းခကိုကြည့်ရင်း တစ်ဖြည်းဖြည်းပြုံးယောင်သမ်းလာကာ
"အချောလေးပဲ"
ထိုလူ့အပြောကို ခွန်းခတစ်ချက် မဲ့ပြလိုက်ရင်း
"ခင်ဗျား ဒီတစ်ခါတော့ မူးမနေဘူးမလား"
"အော အဲ့နေ့ညက ကောင်လေးပဲ"
စက်ရုံကအပြန် လမ်းမှာရန်ဖြစ်ခဲ့သည့်ည။
ထွန်းတောက်လဲ လမ်းမှာတိုက်တိုက်ဆိုင်ဆိုင် ကြုံတောင့်ကြုံခဲတွေ့ရတဲ့ ချစ်ယောက်ဖအား ထိုးလိုက်သည့်နေ့ကို ပြန်သတိရမိသည်။
"အင်း ခင်ဗျားမှတ်မိသားပဲ"
"ငါမှတ်မိတာပေါ့ နောက်အားရင် ကော်ဖီတစ်ခွက်ဖြစ်ဖြစ် ဘီယာတစ်ခွက်ဖြစ်ဖြစ်သွားသောက်မလား ခုတော့ခွင့်ပြုဦး"
ပြောပြီး ခွန်းခကိုယ်လုံးအား ဝင်တိုက်ကာ ရုံးခန်းတံခါးကိုဆွဲဖွင့်လိုက်သည်။
ခွန်းခက အနောက်ကနေ အမှီလိုက်ရင်း တားသော်လည်း နောက်ကျခဲ့လေပြီ။
တံခါးဖွင့်သံနဲ့အတူ ခွန်းခ၏
"ဝင်လို့မရပါဘူးဆို"