"ထွက်သွားစမ်း"
လေသံမာမာနဲ့ပြောလိုက်သည့်အမျိုးသား၏ စကားအဆုံးတွင် အတွေးရေးမှူးကောင်ကလေးက ဒူးထောက်လျှက်၊လက်အုပ်ချီထားသောလက်နှစ်ဖက်ကိုလဲ အချင်းချင်းပွတ်ဆွဲလျှက်၊
တောင်းပန်ပါတယ်ဆိုသောစကားကိုသာ အထပ်ထပ်အခါခါရေရွတ်ရင်း
သို့သော် အသည်းမာလွန်းလှသည့် အမျိုးသားကို ထိုတောင်းပန်စကားများကို လျစ်လျူရှုကာ အခန်းထဲသို့ဝင်ချသွားသည်က တကယ့်ကို သွေးအေးအေး
သူဌေး၏ ရုံးခန်းအထပ်ဖြစ်၍ အနီးပတ်ဝန်းကျင်တွင်လည်း လူ3ယောက်လောက်သာရှိမည်ရှိတဲ့လူများကတော့ သူ့ကိုကွက်ကြည့်ကွက်ကြည့်လုပ်နေကြလိမ့်မည်။
အားလုံးရဲ့မျက်လုံးထဲမှာ သနားရိပ်တွေပါ၀င်နိုင်သည်၊နောက်ပြီး အထင်သေးတဲ့မျက်လုံးလည်း ပါချင်ပါနေဦးမည်။
ဒါပေမယ့် သူဂရုမစိုက်နိုင်၊သူအလုပ်မပြုတ်ဖို့သာ အရေးကြီးသည်မလား၊စိတ်ထဲတွင်၀မ်းနည်းစိတ်တို့ကကြီးစိုးနေမည်ဖြစ်ကြောင်းကို ကြမ်းပြင်ပေါ်သို့ကျဆင်းလာတဲ့ မျက်ရည်စိတ်များက အထောက်အထားပြလျှက်
ခဏအကြာမှာတော့ သူဌေးလူယုံတစ်ယောက်ဖြစ်သည့် ဦးနေလင်းကသူ့အနားသို့လာကာ အားပေးစကားပြောသည်။ဦးနေလင်းက ဒီကုမ္ပဏီ၏ လုပ်သက်အကြာဆုံးဝန်ထမ်းဖြစ်သည်။"ပြန်လိုက်ပါတော့ မောင်ရင်ရယ် မင်းလည်း သူဌေးအကြောင်း သိနေတာပဲ၊မင်းဒီလိုလုပ်လို့လည်း ဘာမှထူးမှာမဟုတ်ဘူးလေ၊ဖြစ်ခဲ့ပြီးတဲ့ ကိစ္စတွေကို ပြန်ပြင်လို့မှမရပဲ ငါ့တူအလုပ်သစ်ပဲရှာလိုက်ပါကွာ"
ပြောပြီးတာ ဦးနေလင်းလည်း တံခါးခေါက်ကာ သူဌေးရုံးခန်းထဲသို့ဝင်သွားလေသည်။
အသစ်သစ်ရှာဖို့က မခက်ခဲပါ။သို့သော် "NE empire"၏ ၀န်ထမ်းဖြစ်ဖို့ကတော့ အတော်ခဲယဥ်းသည်။အကြောင်းကား NE လုပ်ငန်းစုသည် ဌာနအလိုက် ရှိသင့်တဲ့အရည်အချင်းများထက်ပိုမှ လက်ခံလေ့ရှိသည်။အရေးကြီးဆုံးသောအဖွဲ့တွင်မူ နိုင်ငံခြားမှ ဘွဲ့တံဆိပ်များနှင့် လုပ်ငန်းသက် ၂၀ကျော်ရှိသူများသာခန့်ထားသည်။သန့်ရှင်းရေးကအစ လုံခြုံရေးအဆုံး စည်းမျဥ်းများချမှတ်ထားသည်။အလုပ်ကခက်ခဲသည်မှန်သော်လည်း လစာမှာမူအခြားကုမ္ပဏီများထက် ၂ဆမက ပိုရသောကြောင့် ဒီကုမ္ပဏီမှာ အလုပ်လုပ်ဖို့ နှစ်စဥ်၀န်ထမ်းလျှောက်လွှာမှာ အပုံလိုက်အထပ်လိုက်။