Ep-7 (Uni/ZG)

136 9 2
                                    

လေပြေကတော့ ကျီစယ်လိုက်ရုံပါပဲ...
လက်ပံကတော့တကယ် ကြွေရတယ်။              
      #အမည်မသိ

ရန်ခွန်းသော်ခတစ်ယောက် Ne empire မှာ အလုပ်လုပ်နေတာ ဒီနေ့နဲ့ဆို ၂ပတ်တင်းတင်းပြည့်ခဲ့လေပြီ။ရုံးက ၀န်ထမ်းတချို့နဲ့ပိုမို ရင်းနှီးလာပြီး တချို့မမများ၏ အသဲကျော်ပင်ဖြစ်ခဲ့လေပြီ။

အဖွဲ့တစ်ခုလုံး ခွန်းခ၏ အသံတွေနဲ့ပြည့်နေတတ်ပြီး တစ်ခါတစ်လေဆို ရုံးမှာခိုးငိုက်တာမျိုးတွေပါ ရှိနေတတ်သည်။ထိုအချိန်မျိုးတွင် မခင်ရူပါက ကော်ဖီဖျော်လာပေးတတ်ပြီး ဦးနေလင်းက ဟာသတွေပြောပြတတ်နေသည်။
ကိုသူရလား သူကတော့ ပြောမနေပါနဲ့ အိပ်ငိုက်နေတဲ့ ခွန်းခရုပ်ဆိုးဆိုးပုံတွေ ဓာတ်ပုံထုတ်ရိုက်တော့သည်။

အချိန်ခဏလေးအတွင်း Groupနဲ့ ပိုမိုရင်းနှီးလာကာ မိသားစုလိုလိုပင် ဖြစ်နေပြီ။အောက်ထပ်က ၀န်ထမ်းတွေနဲ့တော့ သူမသိသေး။
တချို့ဆို မျက်မှန်းတန်းမိလိုလိုသာ ရှိသည်။

ဓာတ်လှေကားစီးသည့်အခါမျိုးတွင် တချို့ကောင်မလေးများ၏ ခိုးကြည့်တာကိုခံရတတ်သည်။ကန်တင်းသွားရင်လည်း "အဲ့ဒီကောင်လေးလေ ဘော့စ်တို့အဖွဲ့ထဲက လူသစ်၊ချောလိုက်တာဟယ်"ဆိုသည့် အသံများကိုကြားနေရတတ်သည်။

အဲ့ဒီဟာက သူ့လို ရုပ်ချောတဲ့သူတွေအတွက်တော့အဆန်းမဟုတ်ပေ။သို့သော်လည်း တစ်ခါတစ်ရံ
bossနဲ့ယှဥ်သည့်အသံမျိုး ကြားနေရတတ်သည်။ဥပမာ-
"bossလောက်တော့ မမိုက်ပါဘူးအေ" ဘာညာပေါ့

ဒါကလဲ မျက်စိမကောင်းတဲ့ ၀န်ထမ်းတွေရဲ့ အမြင်ပဲဖြစ်မှာပေါ့။နားလည်ပါတယ်။အညိုဆင်နဲ့အဖြူဆင်မှာ ကွာခြားချက်ရှိမှာပဲလေ။
ဒါပေမယ့် အသက်၃၀အရွယ်လူကြီးကို သူ့ထက်ချောတယ်ထင်တာတော့မဟုတ်သေး။ဘယ်သူကြည့်ကြည့် ခွန်းခကပိုမိုက်နေတာပဲမလား...

ဒါတွေအားလုံးဟာ ခွန်းခနေ့စဥ် ကြုံတွေ့နေရသည့် သာမန်ကိစ္စတွေပါပဲ။သာမန်မဟုတ်သည့်ကိစ္စက အခုတလော bossကိုရှာမရတာ...

ရှာမရတာလား ပျောက်နေတာလားတော့မသိ။အားလုံးကပုံမှန်အတိုင်းပဲ ဘယ်သူမှBossအကြောင်းစမပြောကြသလို ခွန်းခကလွဲပီး အားလုံးသူတို့လုပ်စရာရှိတာပဲ လုပ်နေကြသည်။

Beyond the RainbowWhere stories live. Discover now