မွေးနေ့ပွဲက ပြန်လာတဲ့ မေမေနဲ့ဖေဖေက ဖြစ်ပျက်ခဲ့သမျှတွေကို အိမ်ရောက်ရောက်ချင်းပြောပြလို့ ခွန်းခနဲ့Elivsတို့ ပြန်သိလိုက်ရတယ်။ထိုအကြောင်းအရာတွေ ပြန်သိရတော့ ခွန်းခရော Elivsရော စိတ်မကောင်းဖြစ်ရတယ်။ပြန်ပြောပြနေတဲ့မေမေကလည်း မျက်နှာမကောင်းလှ သူလဲစိတ်မကောင်းဖြစ်နေဟန်။ဒယ်ဒီကတော့ ဘာမှဝင်မပြောပဲ ခွန်းခတို့ပြောသမျှကိုသာခေါင်းငြိမ့်ငြိမ့်လုပ်နေသည်။
အိပ်ယာပေါ်ရောက်သည်ထိ ထိုအကြောင်းအရာတွေကို ခွန်းခခေါင်းထဲကထုတ်မရ။အက္ခရာလေးကိုလည်းသနားမိသည်။နောက်ပြီး ဦးဘုန်းထည်ယံဏီကိုရော စိတ်ပူပါသည်။ဘာရယ်ကြောင့်များ ဒါမျိုးတွေဖြစ်ရသည်ကိုမသိတာမို့ တစ်ဖက်ကအန်တီ့ကိုလည်းအပြစ်မတင်ချင်ပါ။
တော်သေးသည်က မွေးနေ့ပွဲက လူရင်းတွေသာဖိတ်ထားသည်မို့ပင်။လူများအရမ်းစည်ကားခဲ့ပါက မနက်ဖြန်မနက် သတင်းခေါင်းစည်းပိုင်းမှာ ယောက္ခမဖြစ်သူ ဒေါ်ရနံ့မြိုင်နဲ့ သားမတ်ဖြစ်သူ Ne empire group ပိုင်ရှင် ဘုန်းထည်ယံဏီတို့၏ ဆက်ဆံရေး ဟုပါလာနိုင်သည်။ထိုအခါ ရှယ်ယာစျေးတွေလည်းထိုးကျကာ နှစ်ဖက်စလုံးအပြတ်ပြတ်နဲ့ သွေးထွက်ရပြန်ဦးမည်။
နံရံကနာရီကိုလှမ်းကြည့်တော့ ၁၁ခွဲနေပြီ။တော်သေးသည်က မနက်ဖြန်အလုပ်ပိတ်လို့ပင်။
အလုပ်စလုပ်ကတည်းက ခွန်းခပုံမှန်ဆို ည၁၀နာရီအလွန်ဆုံးထား၍ အိပ်ဖြစ်သည်။
Aussie မှာတုန်းက မိုးလင်းပေါက် ကဲတတ်တဲ့ nightingale ငှက်ကလေးက ၁၁နာရီကိုနောက်ကျနေပြီဟု တွေးမိတော့ ပြုံးမိပြန်သေးသည်။သူဖြတ်သန်းခဲ့တဲ့ ဘဝနဲ့မတူပဲ စိတ်ဝင်စားစရာကောင်းတဲ့ဘဝအပိုင်းကို သူယခုကြုံနေရပြီ။သူ့ရဲ့ဘဝက ယခုမှ အသက်ဝင်လာသလိုလို
ဝရန်တာကလိုက်ကာစလေးက တလွင့်လွင့်ဖြစ်နေသည်ကို ကုတင်ပေါ်မှာလှဲရင်းမြင်နေရသည်။သူ့အာရုံက လိုက်ကာစလေးတွေအပေါ် လုံးဝသက်ရောက်နေသည်။
ခဏကြာတော့ ခန်းဆီးလိုက်ကာစကိုဆွဲဖယ်ရင်း ဝရန်တာကိုထွက်ခဲ့လိုက်သည်။ဝရန်တာကနေတစ်ဆင့် Elivs အခန်းမှ ဂစ်တာသံခပ်တိုးတိုးကြားနေရသည်။တစ်စတစ်စထွက်ပေါ်လာတဲ့ Elivs သံ ခပ်နက်နက်က သီချင်းနဲ့လိုက်ဖက်ညီစွာ နားထောင်လို့ကောင်းနေသည်။