ထိုင်ခုံခါးပတ်ကို ဆွဲဖြုတ်လိုက်ရင်း
"ကိုယ်သွားဝယ်လိုက်ဦးမယ် ဒီမှာပဲစောင့်နေနော်"
မှာပြီးကားပေါ်မှဆင်းကာ ဆေးဆိုင်ထဲဝင်လိုက်သည်။
ဆေးဆိုင်က ကောင်မလေးကို ပတ်တီးတစ်လိပ်ရယ်၊အယောင်ကျဆေးနဲ့ လိမ်းဆေးတစ်ဗူးမှာနေတုန်း ပြောစကားနားထောင်လွန်းတဲ့ ခွန်းခ ရောက်လာလေသည်။
"ဘာတွေဝယ်နေတာလဲဦး"
"ပတ်တီးရယ် အယောင်ကျဆေးရယ် လိမ်းဆေးရယ်ဝယ်ထားတယ် လိုတာရှိသေးလား"
"ဟို spirit တစ်ဗူးလောက်"
အနာနဲ့မဆိုင်ပေမယ့် ထွေထွေထူးထူးပြောမနေချင်တာကြောင့်ဘသူခေါင်းငြိမ့်ပြလိုက်ရင်း ကောင်တာကကောင်မလေးကို လှမ်းပြောလိုက်သည်။
"ညီမလေး အရက်ပြန်ရော"
ဘောင်ချာတွက်နေစဉ် ခွန်းခကအငြိမ်မနေဘဲ ဘေးကပစ္စည်းတွေကိုလိုက်ကြည့်နေလေသည်။ထို့နောက်စပ်ဖြီးဖြီးလုပ်ရင်း
အနာကပ်စတေကာတွေကို မေးငေါ့ပြကာ"ဦး"
သူ လှမ်းကြည့်တော့ ကြောင်အရုပ်ခွေးအရုပ်တွေပါတဲ့ အနာကပ်စတေကာတွေပင်။
"ယူ"
သူ့ဆီကကြားသည်နဲ့ တစ်ခုချင်းဖြုတ်ကြည့်ကာ သေချာရွေးတော့သည်။
ထို့နောက် အဝါရောင် ကြောင်အနာကပ်ရယ် ပန်းရောင် ဝက်အနာကပ်ရယ်ကိုကိုင်ရင်း
"၂ခုယူလို့ရတယ်မလား"
ပြောရင်းကောင်တာကို လှမ်းပေးလိုက်သည်။
"၃၂၅၀၀ပါရှင့်"
ကောင်မလေးအသံကြားတော့ ခွန်းခက မျက်လုံးပြူးပြသည်။
တကယ်ကို တတ်လဲတတ်နိုင်တဲ့အကောင်
ကားပေါ်ရောက်တော့ ဆေးအိတ်ကိုဖွင့်ကာ လက်ဖြန့်တောင်းလိုက်တော့ ခွန်းခက ချက်ချင်း သူ့လက်ကိုထိုးပေးသည်။
လိမ်းဆေးကို မနာအောင်အသာဖွဖွလေးလိမ်းပေးတော့
"အာ့ ဦး နာတယ်လေ"