Ep-14 (Uni/ZG)

91 5 0
                                    

လူတစ်ဦးကပြောဖူးတယ်.....

"အချစ်ကိုလိုက်ရှာမလား

ဒါမှမဟုတ်

အချစ်ရောက်လာတာကို ထိုင်စောင့်နေမလား"တဲ့.....

တစ်ချိန်တည်းမှာပဲ ကိုယ်က လိုက်ရှာသူရော စောင့်မျှော်သူရော ဖြစ်လာခဲ့ရင်ရော
                            #Elivs

ဒီရက်ပိုင်းအတွင်း ခွန်းခလည်း အလုပ်ရှုပ်နေတာကြောင့် Elivs ကို သိပ်အချိန်မပေးမိ။ဒါကြောင့် တစ်ရက်ရက်တော့ Elivs ကိုသီးသန့်အချိန်ပေးပြီး အပြင်လိုက်ပို့ရန် တွေးမိနေသည်။

~တီ တီ~

ထိုစဉ် အရှေ့တင်တင်၌ လာရပ်သည့်ကားကြောင့် အဖေထင်ပီး ဝင်ရန်ပြင်လိုက်သော်လည်း မြင်လိုက်ရသည့်မျက်နှာက

"Elivs!"

"တက် ခွန်း"

"ဟင် မင်းကဘယ်လိုလုပ်"

"ငါဒီရက်ပိုင်းအတွင်း အဖေ့နဲ့ကားပတ်မောင်းနေတာ လမ်းတွေသိအောင် လာမြန်မြန်တက်"

ခွန်းခလည်း ချက်ချင်းlover seatဝင်ထိုက်လိုက်ရင်း

"ယုံလို့တော့ရတယ်မလား ဖိုးထောင်"

"အခုမှစီးဖူးတာကျလို့"

"မတူဘူးလေ ဒီမှာက လမ်းတွေရှုပ်လို့ရှုပ်သားနဲ့"

"Google map ရှိနေတာပဲကို"

Elivsစကားကြောင့် ခွန်းခလည်း ရီလိုက်မိသည်။ကားမောင်းနေတဲ့ Elivs က ခွန်းခလက်ကို လှမ်းဆုပ်ကိုင်လိုက်သည်။ခွန်းခလည်း ထွေထွေထူးထူးတားမနေဘဲ မသိလိုက်မသိဖာသာသာ နေလိုက်ဖြစ်သည်။

"ခွန်း"

"အင်း"

"ဒီမှာပျော်လား"

"ပျော်တာပေါ့ငါကတော့ မင်းရော"

"မင်းရှိနေရင်ရတာပဲဟာ"

ခွန်းခလည်း Elivsလက်ကို ပြန်ဆုပ်ကိုင်ရင်း ပြုံးပြလိုက်သည်။ခေတ္တမျှတိတ်ဆိတ်သွားပြီးနောက် Elivsက တွေးတွေးဆဆဖြင့် စကားတစ်ခွန်းဆိုလိုက်သည်။

"ဘာလို့များ မင်းကိုဆုံးရှုံးတော့မလို ခံစားနေရတာပါလိမ့်"

Beyond the RainbowWhere stories live. Discover now