[ 35 ]

3.7K 518 10
                                    

Unicode

အပိုင်း - ၃၅

မနက်စာစားပြီးနောက် လုကျင်းလန်နှင့်ဝမ်ကျားနင်တို့ ငါးကန်သို့သွားပြီး အချိန်အတော်ကြာကြာ ငါးမျှားဖြစ်ခဲ့သည်။ နေ့လယ်ပိုင်းကျတော့ အနောက်ဘက်မှတောင်ရှိရာတစ်ဝိုက် လည်ပတ်ခဲ့ကြ၏။

ညနေစောင်းရောက်တော့ ယန်ဝမ့်ချုံက ကားဝယ်ပြီးပြီဟု လုကျင်းလန်ကို လှမ်းပြောသည်။ ဝမ်ကျားနင်လိုချင်သည့် brand နှင့် model အတိုင်းကွက်တိပင်။ တောင်ဘက်ပိုင်းသို့ တစ်ယောက်ယောက်နှင့်မောင်းလာခိုင်းလိုက်မည် ဆို၏။ လုပ်ရိုးလုပ်စဉ်အတိုင်း ဝမ်ကျားနင်အမည်ပေါက် လွှဲပေးမည့် ကျန်ကိစ္စများကိုတော့ တခြားတစ်ယောက်က ကူညီလိမ့်မည်။

သို့နှင့် လုကျင်းလန်ကပါ ဝမ်ကျားနင်နှင့်အတူလိုက်လာပြီး ကားကို ကြည့်ဖြစ်သွားသည်။

အသစ်စက်စက် Mercedes-Benz ကားဘေးမှာ ယန်ဝမ့်ချုံက မတ်တတ်ရပ်လို့ လူတစ်ယောက်နှင့် ဖုန်းပြောလက်စ။ ဝမ်ကျားနင်နှင့် ကျန်လူတွေကိုမြင်ချိန်မှာ ကားသော့အား ပစ်ပေးလာသည်။

ဝမ်ကျားနင်က ထူးထူးခြားခြား စိတ်လှုပ်ရှားမနေ။ နောက်ဆို သူ ကုမ္ပဏီသွားဖို့ တက္ကစီစီးနေစရာမလိုတော့၊ လုယွီနမ်ကို လာခေါ်ခိုင်းစရာလည်း မလိုတော့ဟုပဲ တွေးမိသည်။

ဖုန်းချပြီးနောက် အနားလျှောက်လာသော ယန်ဝမ့်ချုံကြောင့် ဝမ်ကျားနင် ပြောလိုက်၏။

"ကျေးဇူးပဲ"

ယန်ဝမ့်ချုံက fly kiss ပေးပြီး

"မလိုပါဘူး၊ ကိုယ်ကသာ ကျေးဇူးတင်ရမှာ ဘေဘီ"

ဘေဘီဟူသောအခေါ်အဝေါ်ကိုတော့ ယန်ဝမ့်ချုံက ပြောင်းဖို့ စိတ်ကူးရှိဟန်မတူ။

နောက်နှစ်ရက်တိုင် သူတို့တွေ တောင်ပေါ်မှာ ဆိတ်ဆိတ်ငြိမ်ငြိမ် ကုန်ဆုံးဖြစ်ခဲ့သည်။ ဝမ်းလင် ရှုတင်ပြီးလို့ ပြန်လာနေပြီဟု ဝိန်ထင်းဟွမ်က ဖုန်းဆက်လာ၏။ ဝမ်ကျားနင်ကိုလည်း သီချင်း record သွင်းဖို့အတွက် ပြန်လာဖို့ အသင့်ပြင်ထားဟုဆိုသည်။

မန်နေဂျာဟွမ်ကန်ရှိစဉ်က ဆုံးဖြတ်ထားသည့်အတိုင်း ဝမ်းလင်နှင့်ဝမ်ကျားနင်တို့ 'ဇာမဏီနွှယ်သောဒဏ္ဍာရီ'ဇာတ်ကား၏ theme song ကို အတူသီဆိုရမည်။ ထိုစဉ်က ဟွမ်ကန်အတွေးထဲ ဝမ်းလင်နှင့်ဝမ်ကျားနင်ကို အတူအောင်မြင်အောင် လုပ်ပေးရမည်ဟု ကြံစည်ထားခဲ့သော်လည်း လိန်ရှင်းသို့ ပိုင်ရှန့်ကျယ်ရောက်လာချိန်မှာတော့ ထိုစိတ်ကူးမှာ အကျုံးမဝင်တော့ပေ။ ကျန်းရှဲင်ကလည်း ဆိုသည်။ သူတို့နှစ်ဦးက မတူညီသောအရည်အချင်းနှင့် artist များဖြစ်သည်မို့ တစ်ယောက်ကိုတစ်ယောက် ကန့်သတ်ချည်နှောင်ထားစရာအကြောင်းမရှိ ဟူ၍။

ပြီးပြည့်စုံခြင်း [COMPLETED]Where stories live. Discover now