part -4

858 24 4
                                    

အမုန်းလေးများ ကျေပါစေ♥️
အပိုင်း-4

&&&&&&&&&&&&&&&&

အဟွန်း ညို မရှိတာ ပိုပျော်နေတယ်ထင်ပါရဲ့.......

*ညို ညို ဘာဖြစ်လို့လည်းဟင် *

ဒေါ်ထားထားအကြောင်းစဉ်းစားရင်း မျက်ရည်လေးတွေပါ ဝဲတတ်လာရသည်။ ချိုခေါ်မှ ကျချင်နေတဲ့မျက်ရည်တွေကို မျက်တောင်အရှည်ကြီးများဖြင့် ပုတ်ထုတ်လိုက်လေသည်။

*ချို ငါလေ အလုပ်တစ်ခုလောက်လုပ်ချင်တယ် *

*ညို တကယ် လုပ်မို့လား မြို့ထဲက ဇွဲ cake ဆိုင်ကတော့ ဝိတ်တာ လိုနေတယ် တော့ ကြားတယ်
ပြီးတော့ အဲ့ဆိုင်က နာမည်ကြီး ဆိုင်လေ
သူ့ဆိုင်က ကိတ်တွေကလည်း အရမ်းစားကောင်းတာ  *

ညို့ မျက်လုံးလေးတွေ အရောင်တွေပင် တောက်လာရသည်။ ဘယ်လောက်ပျော် သလည်းဆိုရင်
ဘေးကကြည့်နေတဲ့ ချို ပင် သိနိုင်သည်။

*ညို လုပ်မယ် ချို နေ့လည်ကျရင် ညို့ကို လိုက်ပို့ပေးနော်
ဘယ်နားမှာလည်း မသိသေးလို့  ဟီးး *

သွားဖြဲလေးနှင့် ရီပြနေသော သူငယ်ချင်းမလေး ပျော်ပြီး ရီ‌နေတာကို ချို အခုမှ မြင်ဖူးချင်းဖြစ်သည်။ သွားတတ်လေးကပါ ပေါ်နေတော့ တကယ်ကို ချစ်စရာသိပ်ကောင်းတဲ့ ကောင်မလေးပင် ဖြစ်သည်။

နေခင်း ထမင်း စားသောက်ပြီးသော် ညိုနှင့် ချို မြို့ထဲသွားရန်အတွက် အဝတ်စားလဲကာ အိမ်ပေါ်မှ ဆင်းလာကြသည်။

ခရမ်းရောင် ဂါဝန် အံကိုက် လေး နှင့် ဆံပင်ရှည်လေးကို ‌ဘေးကနေ ကျစ်ဆံမြီးလေး ကျစ်ထားကာ ရှေ့ဆံမြိတ်လေးလည်း ချထားသေးသည်။ မိတ်ကပ် တွေ မချယ်သထားပါဘဲ ပါးကွက်လေးနှင့် နူတ်ခမ်းဆိုးဆီ ပန်းအနုရောင်လေးကို
ပါးပါးလေးဆိုးထားသည်။ ပုံပန်းသဏ္ဍာန်နှင့်ပင် ညိုဆိုတာ အတိကျသိနိုင်သည်။

ဘေးမှ ဆံပင် ဂုတ်ဝဲ လေးနှင့် သူမကတော့ ခေတ်ဆန်သည်။ ဦးထုတ်လေး စောင်းကာ ဦးထုတ်အပေါ်မှ မျက်မှန်လေးလည်းတင်‌ထားသေးသည်။ သူခေတ်ဆန်တာကလည်း တစ်မျိုးလေးပင်လှသည်။

သူငယ်ချင်း နှစ်ယောက် သိပ်မဝေးသောကြောင့် ခြေလျှင်ပင် လျှောက်လာကြသည်။ လမ်းထဲမှ ကောင်လေးတွေကလည်း ချို့ ကို လိုက်စကြသေးသည်။ ဦးတည်သည်ကတော့ ညို့ ကိုပေါ့....

အမုန်းလေးများ ကျေပါစေ(Completed)Место, где живут истории. Откройте их для себя