part -14

714 13 1
                                    

အမုန်းလေးများ ကျေပါစေ♥️
အပိုင်း-14

&&&&&&&&&&&&&

ညို လူးလှိမ့်၍ နိုးလာခဲ့သည်။ ဘေးပတ်ပတ် လည်ကြည့်လိုက်လည်း ဒီအခန်းဟာ ညို့အခန်းမဟုတ်ပါ...
ညို လန့်သွားရကာ အခန်းထဲမှထွက်လိုက်တော့
ဦး အိမ်ဆိုတာ ညိုမှတ်မိသွားရသည်။

အောက်ထပ်သို့ ဆင်းလာကာ ချစ်ရသူကြီးကို ညို လိုက်ရှာနေမိသည်။ ဟော တွေ့ပါပြီ မီးဖိုချောင်ထဲ တကုတ်ကုတ်နှင့် ဘာတွေလုပ်နေလည်း သွားစပ်စုအုန်းမည်ဖြစ်သည်။
ဘဝင့် အနား အသာလေးကပ်ကာ ....

*ဦး ဘာလုပ်နေတာလည်း*

ခါးကို တို့လိုက်ကာ အော်လိုက်သောကြောင့်
ဘဝင် လန့်ချင်ယောင်ဆောင်ပြီး ညို့ကိုယ်လေးကို တင်းနေအောင်ဖတ်ပစ်လိုက်သည်။

*အ‌မလေးဗျာ ကလေးလေးကလည်း ဦးကို လန့်အောင်လုပ်နေတာပေါ့ ဟုတ်လား ဟားဟား*

*ဟွန့် ဦးကလည်း လန့်လေနော် ညို့ကို ချစ်ရင် လန့်*

*ဟုတ်ပါပြီဗျာ ဒါနဲ့ ကလေးလေး ကိုယ့်ကိုယ်ကို
ညို လို့မပြောတော့ဘဲ ကလေးကလို့ ပြောင်းပြောပါလားဟင်*

*ဟုတ်ဦး ကြိုးစားကြည့်မယ်လေ နော် *

ဘဝင့် ရင်ခွင်ထဲ တိုးဝင်ကာ ချွဲနေသော ကလေးမလေးကြောင့် သိပ်အချစ်ပိုရပါသည်။ ဒီကလေးမလေးက
သူ့ဘဝရဲ့ အလင်းရောင်လေးပင် ဖြစ်သည်။
သူမလေး ကို ချစ်မိလာကတည်းက ထားထားဆိုတဲ့မိန်းမကိုလည်း လက်စားချေဖို့ စိတ်ကူးမရှိတော့ပေ...

*‌ဩ ဒါနဲ့ ဦးဘာတွေ ချက်နေတာလည်းဟင်
ကလေး ဗိုက်ဆာပြီ စားပြီးရင် ပြန်တော့မယ်လေ **

ပြန်တော့မယ်ဆိုသော စကားကြောင့် ဘဝင့်ရင်ထဲ ဟာတာတာပင် ဖြစ်သွားရသည်။ သူမလေးကို မျက်စိအောက်က အပျောက်မခံနိုင်တော့ပါ ....

*ကလေး အတွက် ဟော့ပေါ့ အစပ်ချက်ပေးနေတာ လေကွာ ကလေးလေး ဖြစ်နိုင်ရင် ဦးအိမ်မှာ နေပါလားကွာ
ဦး ကလေးလေးကို မျက်စိအောက်က အပျောက်မခံနိုင်ဘူး*

* ဟော့‌ပေါ့ ဟုတ်လား အဟိ ကြိုက်တယ်
ဦးကလည်း ကလေး ဘလိုပြောခဲ့ရမှာလည်းလို့
ကလေး ကြောက်တယ် မပြောရဲဘူး *

အမုန်းလေးများ ကျေပါစေ(Completed)Donde viven las historias. Descúbrelo ahora