part -13

744 15 0
                                    

အမုန်းလေးများ ကျေပါစေ♥️
အပိုင်း-13

&&&&&&&&&&&&&&

ညို့ အခန်းထဲရောက်နေသော်လည်း
စိတ်တွေက ဟိုလူ့ဆီ ကပ်ပါသွားသလိုပင် .......
သိပ်ပြုစားတာဘဲ ဦးရယ် ....ဒီကောင်မလေးလိုချင်နေတဲ့
ချစ်ခြင်း ‌ မေတ္တာတွေကို ဦးကပေးမှာလားဟင်....
ညို အဲ့လူကြီးကို သိပ်ချစ်နေမိပြီ ဆိုတာ ညို ဝန်ခံပါသည်။
သူမရှိရင် မဖြစ်လောက်အောင်အထိပေါ့.....

အတွေးလေးများ တစ်စ တစ်စ ဖြင့် ညို့ အိပ်ပျော်သွားခဲ့သည်။ အဲ့ဦးကလည်း ညို့အိမ်မက်ထဲအထိပင် ချစ်စကားတွေ လာပြောနေလေရဲ့......
ညို့အိမ်မက်လေးထဲ ကြည်နူးလို့ပင် မဆုံးလိုက်ပေ ..
ဖုန်းသံကြောင့်လန့်နိုးလာရသည်။

*ဟယ်လို *

*ကလေးလေး ထတော့လေ ဘုရားသွားကြမယ် တစ်ခြားသူတွေလည်း စောင့်နေက့တယ် *

*ရှင် *

ညို မျက်လုံးပင် ပြူးကာ အမြန်ဆန်ပင် ရေချိုး အဝတ်စားလဲလိုက်လေသည်။ ဆံပင်တွေကို တစ်စောင်းလေး ထုံးဖွဲ့ကာ ဆံထိုး အနီရောင်လေး တစ်ခုကို ထိုးထားလိုက်သည်။
ကြက်သွေးရောင် မြန်မာ ဝမ်းဆက်လေးဝတ်ကာ
နူတ်ခမ်းနီ ပါးပါးလေးဆိုးလိုက်လေသည်။
အပြင်သို့ ရောက်သည်နှင့် ဘယ်ချိန်ကတည်းကစောင့်နေမှန်းမသိတဲ့ ဦးက ညို့ ရှေ့သို့ ချက်ချင်းပင်ရောက်လာလေသည်။

‌*ကလေးလေး သိပ်လှနေတယ်ကွာ ဒါနဲ့ ဦးကို အဖြေဘယ်တော့ပေးမှာလည်း *

*ဟွန့် ညိုမသိသေးဘူးလေ ဦးရယ် ညို စဉ်းစားပေးမယ်နော် *

ညို ချစ်တဲ့ အကြောင်းကိုတော့ ချက်ချင်းမပြောချင်သေးပါ....သူက တကယ်ချစ်ရဲ့လားဆိုတဲ့ အတွေးက လွှမ်းမိုးထားဆဲပင်...

ညိုတို့ အဖွဲ့ ဘုရား တစ်ဆူပြီး တစ်ဆူ သွားကြသည်။
ဟိုလူကြီးက တော့ ညို့အနားကနေ တစ်ဖဝါးမှ မခွာပေ...
အနားကပ်ကာ တစ်မျိုးပြီးတစ်မျိုး ဝယ်ပေးနေလေရဲ့
တစ်ခြားသူတွေကလည်း သူတို့သူဌေး တစ်ခုခုများဖြစ်နေတာလားဆိုပြီး ညို့ကို လာမေးကြသေးသည်။
သိပ်ကို ကဲတဲ့ လူကြီးပါလေ ...ဟွန့်...

အမုန်းလေးများ ကျေပါစေ(Completed)Opowieści tętniące życiem. Odkryj je teraz