part-5

802 18 2
                                    

အမုန်းလေးများ ကျေပါစေ♥️
အပိုင်း-5

&&&&&&&&&&&&&&&

* အပြင်မှာ စောင့်နေကြသော အလုပ် လာလျှောက်သူတွေ ဒီနားလေးမှ စုပေးပါခင်ဗျ*

Interview ဖြေရသော အခန်းထဲ မှ ထွက်လာသော
ဦးလေးကြီးက စာရွက်လေး တစ်ရွက်ကိုင်ကာ ရောက်ချလာလေသည်။

*ကျနော် နာမည် ခေါ်တဲ့ သူတွေက နေခဲ့ရပါမယ် နော်
ကျန်ခဲ့တဲ့ သူတွေကတော့ နောက်အခေါက်မှ ပေါ့*

ညို နဲ့ ချို လက်အုပ်လေးတွေ ပင် ချီကာ ပါပါစေ ဆုတောင်းနေရသည်။
ဆုတောင်းလေးတွေ တော့ ပြည့်ကြပါသည်။
နောက်မှာ ကပ်ပါလာသော ကံဆိုးမှုတွေကိုတော့
မသိပေ။

ပထမ သုံးယောက် နာမည် ခေါ်ပြီးသည်အထိ ညိုနဲ့ ချိုနာမည် မပါသေးပေ။ညို့ ရင်တွေ စပြီး ဘလောင် ဆူလာလေ‌ပြီ ဖြစ်သည်။

*ကယ် နောက်ဆုံး 2ယောက်ကတော့
ခွာညိုနှင့် ချိုလေး ဘဲ ဖြစ်ပါတယ် *

*ယေး ပျော်လိုက်တာ ချိုရယ် ညိုလေ ဘဝကို ဒီအလုပ်လေး နဲ့ ကောင်းကောင်းမွန်မွန် ဖျက်သန်း မယ် *

မျက်ရည်လေးဝိုင်းကာ ပြောနေသော ညိုလေးကို ကြည့်ကာ ချို ကိုယ်တိုင်ပင် ဖက်ထားလိုက်ကာ ကျောလေးကို ပွတ်သပ်ပေးလိုက်သည်။ ထိုအချင်းအရာကို
ကြည့်နေသူကတော့ ဘဝင် ဆိုသော ထိုလူ...။

*ပြန်လို့ ရပါပြီ မနက်ဖန် ကစပြီး အလုပ်ဆင်းရပါမယ် ဗျ*

(*ဟုတ်ကဲ့ပါ *)⁵ အလုပ်ရသူ 5 ယောက် တစ်ပြိုင်ထဲပင် ပြောလိုက်သည်။

ချို နှင့် ညို မျက်နာလေးတွေပင် ပြုံးကာ အိမ်သို့ပင် ပြန်လာကြသည်။ မေမေက ဘယ်တွေသွားပြီး
ဘာတေလုပ်လာလို့ ပြုံးနေကြတာလည်းတောင်မေးသေးသည်။ ဒါပေမယ့် မပြောပြခဲ့ပါ မေမေ သိရင် ဆူခံထိမည်မဟုတ်လား....။

ညစာ ထမင်း စားသာက်ပြီးသော် ညို အပေါ်ထပ်ရှိ အခန်းထဲသို့ ဝင်ကာ အပျော်လွန်ကာ အိပ်ပျော်မည်မဟုတ်သေးသောကြောင့် ပြတင်းပေါက်တွင် မတ်တပ်ရပ်နေရသည်။
ပြတင်းပေါက်ကို ရောက်သည်နှင့် မျက်လုံးက auto ပင်
ဟိုဘက်ခြံထဲသို့ အကြည့်ရောက်သွားခဲ့သည်။

အမုန်းလေးများ ကျေပါစေ(Completed)Donde viven las historias. Descúbrelo ahora