အမုန်းလေးများ ကျေပါစေ♥️
~~~~~~~~~~~
အပိုင်း-21*အဟက် ဘယ်လိုလည်း ပျော်လွန်းလို့ ကျတဲ့ မျက်ရည်တွေလား
မျက်ရည်တွေနဲ့ စီးချင်းမထိုးနဲ့ သခင်တို့က မဖြုံတော့ဘူးသိလား *သခင် ပန်းကန်ကွဲ တစ်စကို ယူကာ
သူ့လက်သူ ခြစ်ပစ်လိုက်လေသည်။
နောက်ပြီး ညို ရပ်နေသော လှေခါးစီ သို့ တစ်လှမ်းခြင်း တတ်သွားလိုက်သည်။
ညို နောက်ဆုတ် နောက်ဆုတ် ဖြင့် အပေါ်ထပ်သို့ ပြန်ရောက်သွားလေသည်။
အပေါ်ထပ်နှင့် အောက်ထပ်က သိပ်မမြင့်ပေမယ့် ပြုတ်ကျလျှင် ကျိုးပဲ့နိုင်သည်။
အပေါ်ထပ်တွင် သခင်နှင့် ညို ရုန်းရင်းကန်ရင်း ညို နောက်ဆုတ်လိုက်တော့ သူ့ဘာသူ အားလွန်ကာ အောက်ထပ်သို့ ပြုတ်ကျသွားလေသည်။ ကံဆိုးချင်တော့ လက်ထဲပါလာသော ပန်းကန်အကွဲစက ဗိုက်ထဲသို့ နစ်ဝင်လျှက် .....
သူများမကောင်းကြံ ကိုယ့်ဘေးရန် ဆိုသလိုပေါ့ ....ညို အောက်ထပ်သို့ ဆင်းကာ အသက်မဲ့သွားပြီဖြစ်သော ထိုအမနားထိုင်ကာ
မထိရက် မကိုင်ရက် ဖြင့် တုန်ယင် နေတော့သည်။ဘဝင် ကားလေး ခြံထဲ ဝင်လိုက်သည်နှင့် ရှိုက်သံလေးကြားလိုက်ရသည်။
ကားထဲမှထွက်ပြီး အိမ်ထဲ ဝင်လိုက်တော့ သွေးရဲနေသော ခန္ဓာကိုယ် တစ်ခုဘေးမှာ တုန်ယင်စွာ ကလေးကို မြင်လိုက်ရသည်။
ဘရားရေ....ဘာတွေဖြစ်ကုန်တာလည်း .....ဘဝင် အံ့ဩ တုန်လှုပ်နေရသည်။*ကလေးလေး ဘယ်လိုတွေ ဖြစ်ကုန်တာလည်း ဟင် ဦးကိုပြောပါအုန်းကွာ*
*ဦး ဦး ကလေးလုပ်တာမဟုတ်ဘူးနော် သူ့ဘာသူပြုတ်ကျသွားတာ
အဟင့် ဟင့် ကလေး လုပ်တာမဟုတ်ဘူး*လက်ကော ခေါင်းကော ခါကာ ကြောက်ပြီး ငြင်းနေသော ကလေးကို
ရင်ခွင်ထဲ သို့ နစ်နေအောင် ဖက်ထားလိုက်လေသည်။
ဘယ်က ဘယ်လိုရောက်လာမှန်းမသိတဲ့ ရဲတွေက လည်း ရောက်လာကြသည်။
ညို့ ကို စစ်ဆေးရန်အတွက်ဆိုပြီး စခန်းသို့ ခေါ်သွကြလေသည်။
ဘဝင်ကတော့ ကလေးမလုပ်ဘူးဆိုတာ ယုံကြည်တဲ့အတွက် သက်သေ ရှာရန် နေခဲ့လေသည်။*ကလေး ကို ဂရုစိုက်ပေးပါဗျာ ကိုယ်ဝန်နဲ့မို့ပါ*
*ဟုတ်ကဲ့ တာဝန်အရဆောင်ရွက်သွားပါမယ်*
ESTÁS LEYENDO
အမုန်းလေးများ ကျေပါစေ(Completed)
Romanceစာဖတ်သူတွေက ဦးကို ပိုကြိုက်ကြတယ် ထင်တယ်နော် 🥲🥲 ထပ်ရေးနေတာလေး မိတ်ဆက်ပေးမယ်နော် {အမုန်းလေးများ ကျေပါစေ.....} ~~~~~~~~~~~~~~~~ ဇာတ်လမ်းအကျဉ်း...... *ဦး ဘယ်လောက်ဘဲ မုန်းနေပါစေ ပြည့်တန်ဆာရဲ့ သမီးဟာသမီးဘဲ ပြောင်းလဲ သွားတာရှိလာမှ မဟုတ်ဘူး သိရဲ့လား ... ...