အမုန်းလေးများ ကျေပါစေ♥️
အပိုင်း-7&&&&&&&&&&&&&
*ချို ရေ ညိုဟိုဘက်အိမ်သွားလိုက်အုန်းမယ်နော်
အိမ်အတွက် ညစာ ညိုချက်ခဲ့ပြီးပြီနော် **ဂရုစိုက်သွားအုန်းနော် ညို
တစ်ခုခုဆို အော်ခေါ်လိုက်နော် ဒုန်းစိုင်းပြီး လာခဲ့မယ်*ညို့ ခြေလှမ်းလေးများ သွားဖို့ကို တုံ့ဆိုင်းနေမိသည်။
အဲ့လူကြီးကို ညိုကြောက်မိသည်။ဘာကြောင့်မှန်းတော့မသိပေမယ့် အန္တရာယ် မပေးလောက်ဘူးဟု တစ်ထစ်ချ ယုံကြည်မိနေသည်။ခြံတံခါးလေးက ဖွင့်ထားသော ကြောင့် ညို ဝင်လာလိုက်သည်။ နှင်းဆီပန်းနံ့တို့က လည်း ညို့ကို သတ္တိတွေ ပေးနေသလိုပင် ခံစားရသည်။
အိမ်ထဲ သို့ ဝင်လိုက်သည်နှင့် တိတ်ဆိတ်မှုတို့က
ကျောပါချမ်းလာရသည်။ ဘယ်ညာ ဝှေ့ကြည့်လိုက်ရာ
စတီပင် ခုံပေါ်တွင် အကျန ထိုင်ကာ ဆေးလိပ်သောက်နေသော လူကို တွေ့လိုက်ရသည်။*မင်း ရောက်လာပြီလား လာလေ ထိုင် *
ဩရှရှ အသံတို့က ရင်အစုံကိုပင် ထယတုန်လှုပ်စေပါသည်။ ရင်ဘက်ထဲက နှလုံးသားလေးကလည်း
တဒုတ်ဒုတ် ဖြင့် ဘာကြောင့် ခုန်နေမှန်းမသိပေ။* ဟုတ် ဟုတ်ကဲ့ ညို ဘာချက်ပေးရမလည်း ရှင့် *
မျက်ထောင့်နီကြီးဖြင့် ကြောက်ပြီး နူတ်ခမ်းလေးပါလှုပ်နေသော ကောင်မလေးကို ကြည့်ကာ....
ပေါက်ဖွားလာသော သနားစိတ်တို့ကို ရိုက်ချိုးလိုက်ရသည်။*မင်းကြိုက်တာ ချက်လိုက်ပါ မီးဖိုထဲမှာ အစုံရှိတယ်
ငါ ဂျီးမများတတ်ဘူး ....
ဒေါ်ကြီး အပြင်ထွက်နေလိုက်ပါဗျ ဒီကောင်မလေး ချက်လိမ့်မယ်*ညို့ ကိုပြောရင်း မီးဖိုခန်းက ဒေါ်ကြီးဆီကိုပင်
ခေါင်းစောင်း၍ လှမ်းပြောနေသေးသည်။ညို မီးဖိုခန်းထဲသို့ ဝင်ကာ မျက်လုံးပင် ပြူးသွားရသည်။
ကုန်စုံဆိုင်ကြီးလို့တောင် ထင်ရအောင်ပင်
အသား ငါး အရွက် ဥ အစုံပင် ရှိနေသည်။
ဒီလို ပြည့်ပြည့်စုံစုံသာ ချက်ရလို့ကတော့ ညိုတို့ တတ်ကြွနေမှာ အမှန်ပင်။

ESTÁS LEYENDO
အမုန်းလေးများ ကျေပါစေ(Completed)
Romanceစာဖတ်သူတွေက ဦးကို ပိုကြိုက်ကြတယ် ထင်တယ်နော် 🥲🥲 ထပ်ရေးနေတာလေး မိတ်ဆက်ပေးမယ်နော် {အမုန်းလေးများ ကျေပါစေ.....} ~~~~~~~~~~~~~~~~ ဇာတ်လမ်းအကျဉ်း...... *ဦး ဘယ်လောက်ဘဲ မုန်းနေပါစေ ပြည့်တန်ဆာရဲ့ သမီးဟာသမီးဘဲ ပြောင်းလဲ သွားတာရှိလာမှ မဟုတ်ဘူး သိရဲ့လား ... ...