အမုန်းလေးများ ကျေပါစေ♥️
အပိုင်း-11&&&&&&&&&&&&&
*ညို အလုပ်ထွက်မယ် ဦးဘဝင်*
မျက်နာလေးကို တည်ကာ ပြောနေပုံက
ဘဝင့် နှလုံးလားလေး လည်း သိပ်ကို နာကျင်ရပါသည်။
သူမလေးကို အသည်းပေါက်မတတ်အောင် ချစ်နေပေမယ့်
စုံစမ်းတာလည်း ခုထိမသေချာသေးပေ ...
သူမလေးသာ ထားထားရဲ့ သမီး မဟုတ်လျှင် အပြီးပိုင်သာ ခေါ်ထားဖို့ စိတ်ကူးရှိပါသည်။ မျက်စိအောက်ကတောင် အပျောက်မခံနိုင်အောင်ချစ်ရပါသည်။
သို့ပေမယ့် ဒီတိုင်းလေးဘဲ ရှေ့ဆက်နေရအုန်းမှာပါ......*မင်းအလုပ်ထွက်ရင် ဒီလစာအတွက် 3ဆ လျော်ရမယ်
အဟက် **ဘယ်လို ဦးဘဝင် ရှင်ကြီး အတော်ညစ်ပတ်တာဘဲ
သူများကိုလည်း အကြောင်းမရှိ မုန်းသေးတယ်
အလုပ်ထွက်ခွင့်ကျတော့မရဘူး အရမ်းမုန်းဖို့ကောင်းတာဘဲ*အသံလေးတိမ်ဝင်ကာ မျက်ရည်လေးတွေပါကျလာခဲ့ရသည်။ညိုလည်း ဆက်ပြောမနေတော့ဘဲ လျှော်စရာ တွေ ယူပြီး လျှော်ကာ အခြောက်လှမ်းပြီး မီးပူတိုက်ပေးခဲ့ပါသည်။ ဘာစကားမှ မပြောတော့ဘဲ အိမ်သို့သာပြန်လာခဲ့လေသည်။
*ညို ဘာဖြစ်လာတာလည်း မျက်နာလည်း မကောင်းဘူး
ဟိုဘက်အိမ်က ဘာလုပ်လိုက်လို့လည်း *သူငယ်ချင်းမလေး ပြာပြာသလဲ မေးနေသောကြောင့်
အမှန်ကို သာပြောတတ်တဲ့ ညိုလေး ဒီတစ်ကြိမ်တော့
အမှန်ကို မပြောချင်ပါ...*မဟုတ်ပါဘူး ချို ရယ် ညို နေရတာ သိပ်မကောင်းလို့ *
*အင်းပါ အာ့ဆိုလည်း ဆေးလေးကြိုသောက်ထားအုန်းနော် ညို *
ညို ခေါင်းလေးသာညိတ်ပြီး အခန်းရှိရာသို့သာ ....
ခေါင်းလေးစောင်ထဲဖွက်ကာ ရှိုက်ကြီး တငင်ငိုချပစ်လိုက်သည်။ ညို သိပ်ချစ်မိတဲ့ သူကြီးကလည်း ညို့ကို မုန်းတယ်တဲ့ အဟင့်ဟင့် ...ညို ကို ဘာလို့မုန်းနေကြတာလည်း ဟင့်ဟင့်....အဲ့ နေ့ကတည်းက ညို အဲ့လူကြီးနှင့် မျက်နာချင်းမဆိုင်မိအောင် ရှောင်နေခဲ့ပါသည်။ အပြုံးအရယ် လည်းမရှိတော့သလို ခံစားချက်တွေကိုပါ မေ့ထားခဲ့ပါသည်။
![](https://img.wattpad.com/cover/338183010-288-k764015.jpg)
YOU ARE READING
အမုန်းလေးများ ကျေပါစေ(Completed)
Romanceစာဖတ်သူတွေက ဦးကို ပိုကြိုက်ကြတယ် ထင်တယ်နော် 🥲🥲 ထပ်ရေးနေတာလေး မိတ်ဆက်ပေးမယ်နော် {အမုန်းလေးများ ကျေပါစေ.....} ~~~~~~~~~~~~~~~~ ဇာတ်လမ်းအကျဉ်း...... *ဦး ဘယ်လောက်ဘဲ မုန်းနေပါစေ ပြည့်တန်ဆာရဲ့ သမီးဟာသမီးဘဲ ပြောင်းလဲ သွားတာရှိလာမှ မဟုတ်ဘူး သိရဲ့လား ... ...