အမုန်းလေးများ ကျေပါစေ♥️
အပိုင်း-10&&&&&&&&&&&&
ညို အဝတ်တွေလျှော်ပြီး အခြောက်ခံကာ
တစ်ခါထဲ မီးပူပါထိုးပေးခဲ့လိုက်သည်။
ညို ပြန်ဖို့အတွက် ထွက်လာသော်လည်း အဲ့လူကြီးက
ထွက်တောင်မကြည့်ပေ ...သိပ်နေနိုင်တဲ့လူကြီး ဟွန့်..အိမ်ပြန်ရောက်သည်အထိ စိတ်ကမကြည်နိုင်သေးပေ ...
အဲ့လူကြီးဟာလေ လူကို ပြုစားထားသလား မသိပါဘူး ...ညို ထမင်းစားသောက်ပြီး အိပ်ရန်အတွက် အ ပေါ်ထပ်သို့ တတ်လာခဲ့သည်။ ဖုန်းလေးကို ကြည့်လိုက်တော့
Missed call ပေါင်း အခု 20 လောက်ရှိသည်။
Nickname လေးကတော့ ဒေါ်ထားထား တဲ့..ညို့ ချစ်ချင်းပင် မျက်နာလေး ညှိုးကျသွားရသည်။
*ဟယ်လို*
*သမီးလေး မေမေက လွမ်းနေတာကွယ်
သမီးလေးနေရတာကော အဆင်ပြေရဲ့လား
ဒါနဲ့ 5သိန်းကော ရပြီလားသမီး *5သိန်းဆိုတဲ့အသံကိုကြားတော့ ညို စိတ်တွေပင်တိုလာရသည်။ လစာထုတ်ရက်ကလည်း 5ရက်ပင် လိုသေးသည်။
ကြိုထုတ်လို့ကလည်း မရပေ။*မရသေးဘူး နောက်ငါးရက်လောက်နေရင် ရှိတာပေးမယ်
ဒါဘဲ ဖုန်းထပ်မဆက်တော့နဲ့**အင်းပါ သမီးရင် ထပ်မဆက်သွယ်တော့ဘူးနော်*
ဒေါ်ထားထား ညို့မိဘအရင်း ဘယ်သူဘယ်ဝါလည်းဆိုတာ ပြောဖို့ အခွင့်ရေးပင် မရသေးပေ။
ညိုဖုန်းလေးချလိုက်ကာ 5သိန်း ဘယ်ကရမလည်းဆိုတာ စဉ်းစားနေရသည်။ အလုပ်ကလည်း နဂိုအတိုင်းဆို
1သိန်းခွဲသာ အိမ်မှုကိစ္စပါလုပ်ပေးတဲ့အတွက်ဦးဘဝင်က ညို့ကို 3သိန်းတော့ပေးသည်။5သိန်းပြည့်အောင်
ကျန်တဲ့ 2သိန်းတော့ ဦးဘဝင်ဆီကပင် မျက်နာပြောင်တိုက်ပြီး ချေးရပေအုန်းမည်။ချို့စီကတော့ မချေးချင်ပါ အိမ်မှာ နေခွင့်ပေးတာနဲ့တင်
ဆပ်လို့ မကုန်နိုင်တာမို့....အတွေးတွေကို လက်စသက်ကာ
နှစ်နှစ်ရှိုက်ရှိုက် အိပ်ပျော်ရန်အတွက် အိပ်ဆေးတစ်လုံးကို သောက်ကာ အိပ်လိုက်လေသည်။
![](https://img.wattpad.com/cover/338183010-288-k764015.jpg)
YOU ARE READING
အမုန်းလေးများ ကျေပါစေ(Completed)
Romanceစာဖတ်သူတွေက ဦးကို ပိုကြိုက်ကြတယ် ထင်တယ်နော် 🥲🥲 ထပ်ရေးနေတာလေး မိတ်ဆက်ပေးမယ်နော် {အမုန်းလေးများ ကျေပါစေ.....} ~~~~~~~~~~~~~~~~ ဇာတ်လမ်းအကျဉ်း...... *ဦး ဘယ်လောက်ဘဲ မုန်းနေပါစေ ပြည့်တန်ဆာရဲ့ သမီးဟာသမီးဘဲ ပြောင်းလဲ သွားတာရှိလာမှ မဟုတ်ဘူး သိရဲ့လား ... ...