အမုန်းလေးများ ကျေပါစေ♥️
အပိုင်း-15&&&&&&&&&&&&
ညိုကော ဘဝင်ကော ရေချိုးပြီးသော်
အောက်ထပ်သို့ ဆင်းလာကြလေသည်။
ထမင်းဝိုင်းကလည်း ဒေါ်ကြီး ပြင်ပေးထားလို့ အသင့်ဖြစ်နေလေပြီ....
ထမင်းကို ငုံ့၍သာ စားနေကြသည်။ ညိုကတော့ စကားပြောရန်အတွက် အဟင့်ဆိုပြီး အသံညှိရသေးသည်။*ဦး *
*ပြောလေ ကလေး*
*ဟိုလေ ညို့ မေမေဆီကို နောက်တစ်ပါတ် စနေနေ့ကျရင် သွားလို့ရမလားဟင်*
*ကလေး သွားချင်ရင် ဦးလိုက်ပို့မယ်လေ *
ဘဝင် ဘာမှ ပြောမနေတော့ပါ ....
ထားထားက ရောဂါကြောင့် ဆုံးတာ တစ်ပါတ်ပင် ကြာပြီဖြစ်သည်။ ထားထားဆီမှလည်း ကလေးရဲ့ မိဘတွေ ဘယ်သူလည်းဆိုတာလည်း သိရပြီးဖြစ်သည်။
ကလေးလေးကိုဝောာ့ လိုက်ပို့ပြီးမှဘဲ သေချာ ရှင်းပြရတော့မည်...ဒီတစ်ပါတ်ထဲ ဦးနဲ့ ညပိုင်းသာကောင်းကောင်းမွန်မွန် တွေ့ရသည်။ Company တွင် အလုပ်ရှုပ်နေသောကြောင့်
ဆိုင်မှာတွင်လည်း ဦးကို မတွေ့ရပေ။
မနက်ဖြန်တော့ ရုံးပိတ်ရက်မို့ ဦးအားသည်။ ညိုလည်း ခွင့်တစ်ရက်ယူလိုက်ကာ မေမေ့ဆီ သွားရန် ဖြစ်သည်။*ဦး ပြန်လာပြီလား ကလေးမျှော်နေတာ ညကျရင် ဦးနဲ့ အတူ ရုပ်ရှင်ကြည့်ရအောင်နော် *
*ဟုတ်ပါပြီ ဗျ အာ့တာဆို ကလေး အပျင်းပြေစားဖို့ မုန့်သွားဝယ်ကြမယ်လေ ကလေးလေး *
*ဟုတ်ဦး အဝတ်စားသွားလဲလိုက်အုန်းမယ်*
ဦးအိမ်ရောက်လာတည်းက ဦးက ညို့အတွက် မြန်မာ ဝမ်းဆက်လေးတေ များများဝယ်ပေးထားသည်။ အထဲ ဝတ်က အစ ဦးဘဲ ဝယ်ပေးခြင်းဖြစ်သည်။ အဖေလို တစ်မျိုး
အကိုလို တစ်မျိုး ချစ်သူလို တစ်မျိုး လိုလေသေးမရှိအောင်ကို ဂရုစိုက်လွန်းလို့ ဦးနဲ့ဝေးမှာကိုတောင် ညိုကြောက်နေရပါသည်။ညိုနှင့် ဦး ကုန်တိုက်သို့ပင် ကားလေးဖြေးဖြေးမောင်းလာကြသည်။ ညိုကတော့ တစ်ထည်တည်းသာရှိသော ဂါဝန်အသားရောင်လေးကို ဝတ်ထားသည်။ ဦးလက်ကို တွဲကာ
ကုန်တိုက်အတွင်းသို့ပင်.....
တစ်ခြားသူတွေကလည်း ကွက်ကြည့်ကွက်ကြည့်ဖြင့်သာ
ဦးကတော့ ဂရုပင်မစိုက်ဘဲ ညိုကြိုက်တတ်သော
မုန့်တွေကိုသာရွေးနေလေသည်။
VOUS LISEZ
အမုန်းလေးများ ကျေပါစေ(Completed)
Roman d'amourစာဖတ်သူတွေက ဦးကို ပိုကြိုက်ကြတယ် ထင်တယ်နော် 🥲🥲 ထပ်ရေးနေတာလေး မိတ်ဆက်ပေးမယ်နော် {အမုန်းလေးများ ကျေပါစေ.....} ~~~~~~~~~~~~~~~~ ဇာတ်လမ်းအကျဉ်း...... *ဦး ဘယ်လောက်ဘဲ မုန်းနေပါစေ ပြည့်တန်ဆာရဲ့ သမီးဟာသမီးဘဲ ပြောင်းလဲ သွားတာရှိလာမှ မဟုတ်ဘူး သိရဲ့လား ... ...