အမုန်းလေးများ ကျေပါစေ♥️
~~~~~~~~~~~~~~~~~
အပိုင်း-19ခန်းမကြီးထဲ လူ တော်တော်များများ ရောက်နေကြပြီဖြစ်သည်။
ခန်းမရဲ့ ထိပ်ဆုံးက သတို့သား သတို့သမီး နာမည်ကိုလည်း
အုပ်ထားသေးသည်။ ညို အဝါ ရောင် ချည် ဝမ်းဆက်လေးကို ဝတ်ကာ ဆံပင်လေးကို ကျစ်ဆံမြီးလေး ကျစ်ထားသည်။ မျက်နာတွင် ဘာဆိုဘာမှ မခြယ်ထားကာ
နီရဲနေသော နူတ်ခမ်းနီလေးကိုသာ ဆိုးထားခဲ့သည်။ ညို ဒေါင့်ဆုံးတစ်နေရာ က
ခုံတစ်ခုံတွင် ဝင်ထိုင်လိုက်လေသည်။ ငိုချင်နေသော မျက်နာလေးကို အပြုံးလေးများဖြင့် အတင်းဖုံးဖိထားရသည်။*အဟမ်း မင်္ဂလာ အချိန်ခါသမယကို ရောက်ရှိပြီ ဖြစ်ပါတယ်ဗျာ
သတို့သားနှင့် သတို့သမီး ဝင်လာလို့ရပါပြီ *ခန်းမ တံခါးကြီး ပွင့်လာကာ ဦးနှင့် ဟိုမိန်းမ လက်တွဲကာ ထွက်လာလေသည်။
ညို ဒီအချိန်မှာ မျက်လုံးသာ ကန်းသွားချင်မိပါသည်။ဟိုမိန်းမမျက်နာကြီးများ ပြုံဖြီးလို့ ညို့ကိုကြည့်ပြီး မဲ့ရွဲ့ပြနေသေးသည်။သတို့သား နှင့် သတို့ သမီး စင်ပေါ် ရောက်တော့ သတို့သားဖြစ်သူဘဝင်
မိုက်ကို ယူလိုက်ကာ စကားပြောရန် ဟန်ပြင်လိုက်သည်။*အဟင်း ကျွန်တော် ပြောစရာလေးရှိလို့ပါ ခမျ
ခန်းမထဲက ဧည့်သည်တွေ အားလုံးက ကျွန်တော့ ဘေးက မိန်းမနဲ့ လပ်ထက်မှာလို့ထင်နေကြတယ်မဟုတ်လား အဟက် လောလောဆယ် အခုပြမယ့် အသံဖိုင်လေးနဲ့ video လေးကို ကြည့်ပေးကြပါနော် *သခင်တစ်ယောက် မောင်ဘာတွေ လုပ်နေလည်း စဉ်းစားပင် မရပေ။
ဘာပြမလည်း ဆိုတာ သခင် စိတ်ဝင်တစားနဲ့ ကြည့်နေမိသည်။*ကိုဘဝင်က သခင့်ဗိုက်ထဲက ကလေးကို သူနဲ့ရတယ်လို့ တကယ်ထင်သွားတယ်
အဟင်း ကိုနဲ့ ရတယ်ဆိုတာသာ သိရင် သခင့်ကို သတ်မလားတောင်မသိဘူး
သူနဲ့ မင်္ဂလာဆောင်ပြီးရင် သူ့ရဲ့ စည်းစ်မ်ချမ်းသာတွေကို သခင်လည်းပိုင်ပြီ
အံ့အချိန် သူ့ကိုနှင်ထုတ်ပြီး သခင်တို့ အတူနေကြမယ်နော်*
*ဟုတ်ပါပြီကွာ ခင့် သဘော *အသံဖိုင်နှင့် အတူ သူတို့ နှစ်ယောက်ဖက်နေသော မြင်ကွင်းကို လူတိုင်း
ကွက်ကွက် ကွင်းကွင်း မြင်လိုက်ကြလေသည်။
သခင် ကတော့ ပြေးဘဲ ပြေးရမလို ရန်ဘဲတွေ့ရမလိုနှင့်ပင်။
ခန်းမထဲက လူများကလည်း သခင့်ကို ရွံ့ရှာသော အကြည့်များနှင့် ကြည့်ကြလေသည်။
YOU ARE READING
အမုန်းလေးများ ကျေပါစေ(Completed)
Romanceစာဖတ်သူတွေက ဦးကို ပိုကြိုက်ကြတယ် ထင်တယ်နော် 🥲🥲 ထပ်ရေးနေတာလေး မိတ်ဆက်ပေးမယ်နော် {အမုန်းလေးများ ကျေပါစေ.....} ~~~~~~~~~~~~~~~~ ဇာတ်လမ်းအကျဉ်း...... *ဦး ဘယ်လောက်ဘဲ မုန်းနေပါစေ ပြည့်တန်ဆာရဲ့ သမီးဟာသမီးဘဲ ပြောင်းလဲ သွားတာရှိလာမှ မဟုတ်ဘူး သိရဲ့လား ... ...