part -8

798 18 1
                                    

အမုန်းလေးများ ကျေပါစေ♥️
အပိုင်း-8

&&&&&&&&&&&&&&

ညို့ ကိုယ်လေးကို ခုန်ပေါ်သို့ ထိုင်စေကာ
ဆေးသေတ္တာယူ၍ သွေးစို့သွားသော ခေါင်းလေးကို
ဆေးသေချာ ထည့်နေပုံက ညို့ကို တရစ်တရစ် ချည်နှောင်နေသလိုပင် ။

*ဦးဘဝင် *

*အင်း ကလေး ပြောလေ *

ကလေး တဲ့ သူ့နူတ်ကထွက်လာတဲ့နာမ်စားလေးက
ညို့ ရင်ဘက်ထဲ ကုလားဘုရားပွဲ လှည့်နေသလိုပင်
အုန်းထနေသည်။
ပြောချင်‌တဲ့ စကားလုံးတောင် အစရှာလို့မရအောင်
စဉ်းစားလို့မရတော့ပေ။

ဒီလူကြီးရဲ့ အပြုမူတွေမှာ သာယာမိတာ ညို အပြစ်ရှိသလား...
သူ့ဆီက ကြင်နာမှု ဂရုစိုက်မှုတွေကို ညိုသိပ်လိုချင်မိသည်။

ဘဝင် ...ခေါင်းလေးကို ဆေးထည့်ပေးရင်း နဖူးနှင့် လက်နှင့်
ထိမိသွားချိန် ပူကျစ်နေတာ ကို သတိထားမိခဲ့ပါသည်။

အဟက် ဒီလောက် နေမကောင်းဖြစ်နေတာကို
မပြောဘဲ ခိုင်းတာကို ကျိတ်လုပ်‌မယ်တဲ့လား
မင်းက သိပ်စိတ်ဝင်စားဖို့ ကောင်းတာဘဲ ကလေးမ...

*ရပြီ မင်းကို 2ရက်ခွင့်ပေးမယ် ပြန်တော့ *

အေးစက်သော မျက်နာထားကြီးနှင့် အေးစက်သော လေသံနှင့်အတူ ခပ်မာမာ စကားတို့ကြောင့်
ကြားရသူအဖို့ မွှေးညှင်းလေးတွေပါ ထောင်လာရသည်။

*ဟုတ်ကဲ့ သူဌေး *

သူဌေးတဲ့ သူမလေး ခေါ်တဲ့ သူဌေးဆိုတဲ့ တဲ့ နာမ်စားကို
တော့ ဘဝင် မနှစ်သက်ပါ ။နားထဲ သံရည်ပူလောင်းချနေသလိုပင်။

ညို အိမ်သို့ပင်ရောက်သော် ကုတင်ပေါ်သို့ ကွေးကွေးလေးတတ်ကာ မှိန်းနေ‌တုန်းပင်....

။....အများကစွန့်ပယ်ခြင်းကို
ခံထားရတဲ့ပန်း လမ်းဘေးနားမှာ .....
ပေါက်..မြေမှာ နွမ်းပြီ...
တန်ဖိုး ထားသူနဲ့
လူတွေရဲ့ အသည်းမှာလည်း
လမ်းဘေးနားက ပန်းကို မပန်ကြပြီ...........။

ဖုန်း rainton သံလေးကြားသဖြင့် နာမည်ကို ကြည့်လိုက်ရာ ဒေါထားထား တဲ့....
အဟင်း ညို့ ရဲ့ အချစ်တော်ကြီးပါလား
မခေါ်စဖူး ခေါ်လို့  ....

အမုန်းလေးများ ကျေပါစေ(Completed)Où les histoires vivent. Découvrez maintenant