အမုန်းလေးများ ကျေပါစေ❤️
အပိုင်း-18&&&&&&&&&&&&&&&&
မနက် 4 နာရီ လောက်ထဲက ထကာ
မိတ်ကပ်လိမ်းကာ အဝတ်စားပြင်ဆင်နေရသည်။
ညို အရမ်းကို ပျော်နေမိသည်။ စိတ်ထဲ တစ်မျိုး တစ်ဖုံပင်
ဒီလူသားကြီးကို အပိုင်စားရတော့မည်တဲ့..ခစ်ခစ်
ညိုက သိပ်ကံကောင်းတဲ့ ကောင်မလေးပါ...*ကလေးလေး ပြီးပြီလားကွာ ခန်းမ သွားကြရအောင်*
*ပြီးပါပြီ ဦးရဲ့*
အခန်း တံခါးလေးဖွင့်လိုက်သည်နှင့် ဘဝင် အသက်ရှူပင် ရပ်မတတ် ငေးသွားရသည်။ သူ့ရဲ့ မိန်းမလောင်းလျှာလေးက သိပ်လှနေတယ် မဟုတ်လား ..
*ဦး ဦးလို့ ခေါ်နေတာကို ဟွန့် *
"အဟက် ကလေးလေးကို ဦးငေးသွားလို့ပါကွာ "
"ဦးနော် သွားကြမယ် "
ခန်းမရောက်သည်အထိ ကလေးမလေးဆီမှ အကြည့်မလွှဲနိုင်သေးပါ..တကယ်ပါ ဒီကလေးမလေးကို သူ သိပ်ချစ်သည်။သိပ်မြတ်နိုးပါသည်။ ဒါပေမယ့် ဒီနေ့ ဘဝင် တစ်ခုခုကို စိတ်ထင့်နေသလိုပင် ...
လက်စွပ်လေးတွေ အလဲလှယ် လုပ်ကာ
မင်္ဂလာပန်းကုံး တစ်လှည့်စီ စွတ်ပေးပြီး
လက်မှတ်ထိုးကြရသည်။*မခွာညို ခမျာ ကိုဘဝင်ကို အကြင်လင်ယောကျာ်းအဖြစ် အသိမှတ်ပြုပါသလား ခမျာ*
*ဟုတ်ကဲ့ အသိမှတ်ပြုပါတယ်ရှင်*
*ကိုဘဝင်ကရော ဟောဒီက မခွာညိုကို အကြင်ဇနီးမယားအဖြစ် အသိမှတ်ပြုပါသလားခမျာ*
*ဟုတ်ကဲ့ ဒီကလေးလေးကို ကျွန်တော့ရဲ့ ဇနီးမယားအဖြစ် အသိမှတ်ပြုပါတယ်ခမျာ*
အောက်မှ ဧည့်သည်တွေကလည်း လက်ခုပ်သံများဖြင့်
ချီးမြှင့်ကြလေသည်။*မင်္ဂလာဆောင်ကို ကန့်ကွက်တဲ့သူရှိပါသလား
မင်္ဂလာဆောင်ကို ကန့်ကွက်တဲ့သူရှိပါသလား
မင်္ဂလာဆောင်ကို ကန့်ကွက်တဲ့သူရှိပါသလား*ဘဝင် ပျော်လို့ မဆုံးခင်မှာဘဲ လူကြားထဲက အသံတစ်သံ ထွက်လာလေသည်။ မည်သူ့အသံမှမဟုတ်ပေ သခင့် အသံဆိုတာ ဘဝင် ကောင်းကောင်းကြီးမှတ်မိသည်။
![](https://img.wattpad.com/cover/338183010-288-k764015.jpg)
YOU ARE READING
အမုန်းလေးများ ကျေပါစေ(Completed)
Romanceစာဖတ်သူတွေက ဦးကို ပိုကြိုက်ကြတယ် ထင်တယ်နော် 🥲🥲 ထပ်ရေးနေတာလေး မိတ်ဆက်ပေးမယ်နော် {အမုန်းလေးများ ကျေပါစေ.....} ~~~~~~~~~~~~~~~~ ဇာတ်လမ်းအကျဉ်း...... *ဦး ဘယ်လောက်ဘဲ မုန်းနေပါစေ ပြည့်တန်ဆာရဲ့ သမီးဟာသမီးဘဲ ပြောင်းလဲ သွားတာရှိလာမှ မဟုတ်ဘူး သိရဲ့လား ... ...