" မောင်လေး ...ဒီမှာခဏထိုင်စောင့်နေနော် ...ကြီးကြီး ဟိုးနားကရေခဲမုန့်လေး ဝယ်ပြီးပြန်လာခဲ့မယ် ..ဘယ်မှလျှောက်မသွားနဲ့နော် "
" ဟုတ်ကဲ့ကြီးကြီး "
၅နှစ်အရွယ်ကောင်လေးဟာ မှာထားခဲ့တဲ့စကားအတိုင်း ထိုင်နေရာမှ တဖဝါးမရွေ့ဘဲ စောင့်နေခဲ့သည် ။
ထိုင်နေသောနေရာနားသို့ လိမ့်လာခဲ့ဘောလုံးလေးနဲ့အတူ ထိုကောင်လေးရှေ့တွင် စုံရပ်လိုက်သော ခြေထောက်ဖြူဖြူ သေးသေးလေးတစ်စုံ.....
အတောက်ပဆုံး အပြုံးလေးနှင့်ပြုံးပြနေသော ၁၀နှစ်အရွယ် ကောင်မလေး တစ်ယောက်..." တစ်ယောက်ထဲ ထိုင်နေရတာ မပျင်းဘူးလား ကလေးလေး "
ပါးဖောင်းဖောင်းလေးနှင့် ခေါင်းခါပြနေသော ထိုကလေးလေးဟာ အလွန်ချစ်ဖို့ကောင်းလှသည် ။
ဆူး ကစားနေရင်း ဒီကလေးလေးကို မြင်မိတော့ ဆူးကိုယ်တိုင်တောင် မသိဘဲ သူ့အနားရောက်လာရတာ။" မမနဲ့ အတူလိုက်ကစားမလား "
" ကြီးကြီးက ဘယ်မှလျှောက်မသွားနဲ့လို့ မှာခဲ့တယ် .. မောင်လိုက်လို့မရဘူး "
စကားပြောလိုက်တော့ လှုပ်ခါသွားတဲ့ ပါးဖောင်းဖောင်းလေးတွေကြောင့် ဆူး ဒီကလေးလေးကို အူယားနေမိသည် ။
" မောင်လေး "
အနောက်ကခေါ်လိုက်သော အန်တီကြီးတစ်ယောက်ရဲ့အသံ ...
သူ့ကိုသူ မောင်လို့ခေါ်တဲ့ ကလေးလေးဟာ ထိုအန်တီကြီးဆီ ပြေးသွားခဲ့သည် ။" မောင်လေး ...အဆင်ပြေရဲ့လား "
ခေါင်းတဆက်ဆက်ညိတ်ပြနေတဲ့ ဒီကလေးဟာ သူစိမ်းတွေဆို အရမ်းကြောက်တတ်တာ ...
" အဲ့မမက မောင့်ကို အတူတူကစားမလားတဲ့ "
မောင်လေး လက်ညှိုးထိုးပြတဲ့ဆီကို ကြည့်လိုက်တော့ မောင့်ထက်ကြီးဟန်တူသော ကောင်မလေးတစ်ယောက် ...
အပြုံးလေးတွေက လူတိုင်းချစ်ခင်စေမဲ့အပြုံးမျိုး..
ဒါကြောင့်လဲ မောင်လေးက ဒီကလေးမလေးကို မကြောက်တာနေမှာ ။" မောင်လေးက ကစားချင်လို့လား "
" ဟုတ် "
လှိုက်လှိုက်လှဲလှဲနဲ့ ကစားချင်ဟန်ပြနေသောကြောင့် ခွင့်ပြုပေးလိုက်ရသည် ။
သခင်ကြီးသိရင် တော်တော်ဒေါသထွက်မှာသိသော်လည်း မိမိရှေ့မှာ ပြုံးပြုံးရွှင်ရွှင်ဆော့ကစားနေတဲ့ မောင်လေးကြောင့် သခင်ကြီးကို လျစ်လျှူရှုထားမိသည် ။
အခုချိန်မှာ မောင်လေးပျော်ရွှင်နေရတယ်လေ ...
တခါမှမမြင်ဖူးတဲ့ အပြုံးလေးတွေနဲ့ မောင်လေးက ပျော်ပျော်ရွှင်ရွှင် ဆော့ကစားနေခဲ့တာ ။

YOU ARE READING
ကျနော်ချစ်သော ထိုအမျိုးသမီး
Short Storyမြတ်နိုးရပါသော ထိုအမျိုးသမီးဆီမှ အမုန်းတရားတို့သည် ခါးသက်သော ချိုမြိန်ခြင်းပင် ........