" Happy 2years Anniversary ပါနွယ် .."
မျက်စိရှေ့ရောက်လာသော အဖြူရောင်နှင်းဆီပန်းပွင့်လေးကြောင့် ပြုံးလိုက်မိသည် ။
Anniversary တိုင်းဒီနှင်းဆီအဖြူလေးဟာ မပါမဖြစ် နွယ်အကြိုက်ဆုံး ပန်းလေးသာဖြစ်သည် ။" နွယ်...ဒီနေ့ဘယ်သွားချင်လဲ ..ကိုကိုလိုက်ပို့ပေးမယ် ...
ဒီနေ့ရဲ့အချိန်တွေကို နွယ့်အတွက်ဘဲ ကိုကိုပေးမယ် "နွယ့်ဘေးမှာ ဝင်ထိုင်လာတဲ့ ကိုကို့ကို အချိုသာဆုံးပြုံးပြ မိသည် ။
ကိုကိုနဲ့ အိမ်ချင်းသိပ်မဝေးလှသော်လည်း အလုပ်အရမ်းရှုပ်တတ်တဲ့ ကိုကို့ကြောင့် နွယ်နဲ့ကိုကိုဟာ အမြဲမတွေ့ဖြစ်သလို သမီးရည်းစားတွေလိုdateဖို့ဆိုတာဝေးစွ ။
ဒီလိုနဲ့ဘဲ ကိုကိုနဲ့ရှေ့ဆက်ခဲ့တာ အခုဆို ၂နှစ်တောင်ပြည့်ခဲ့ပြီ ။" နွယ် ..ဘယ်မှမသွားချင်ပါဘူး ကိုကိုရဲ့...
နွယ်က ကိုကို့အနားမှာဘဲနေချင်တာ "" စကားအရမ်းတတ်တာဘဲ နွယ်က ...လာပါအုံး "
ကိုကို့ရင်ခွင်ထဲကို ကလေးတစ်ယောက်လို တိုးဝင်မိသည် ။
နွယ်ဟာ ဘယ်လောက်ဘဲ တည်ငြိမ်ရင့်ကျက်ပါစေ
ကိုကိုနဲ့ဆိုရင် ကလေးတစ်ယောက်လိုသာပြုမူတတ်သည် ။" ဘယ်လိုကြောင့် ဒီလောက်စကားတတ်သွားရတာလဲဟင် ကိုကို့ကလေးလေးက "
ရင်ခွင်ထဲကနေ မော့ကြည့်နေတဲ့ နွယ်ဟာ သိပ်ကိုလှလွန်းသည် ။
တည်ငြိမ်ရင့်ကျက်လွန်းတဲ့ နွယ့်ရဲ့အလှကို တခြားဘယ်သူမှမမြင်နိုင်တော့အောင် ရင်ခွင်ထဲမှာဘဲ သော့ခတ်သိမ်းထားချင်မိအောင်ထိ ..
နွယ်ဟာ အဲ့လောက်ကိုလှတာ ။" ကိုကို့ကို အရမ်းတွေချစ်မိသွားလို့နေမှာ ...
နွယ်စကားတတ်သွားတာ ကိုကို့ကြောင့် "ရင်ဘတ်ကို လက်သီးဆုပ်သေးသေးလေးနဲ့ ဖွဖွလေးထုနေတဲ့ နွယ့်ကို အူယားလွန်းလာ၍ နွယ့်ရဲ့ပါးလေးကို ဖိကပ်နမ်းရှိုက်လိုက်သည် ။
" နွယ်က အရမ်းချစ်ဖို့ကောင်းတာဘဲ ...
ဒီလူကတော့ နွယ့်ကိုချစ်လွန်းလို့ ရူးတော့မှာ ..."" နွယ်ရောဘဲ ကိုကို့ကိုအရမ်းချစ်တာ "
ကိုယ်စီအပြုံးလေးတွေနဲ့ လှပနေတဲ့ ချစ်သူနှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာကို ဘေးကနေခံစားလို့ရတဲ့အထိ သူတို့နှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာဟာ အလွန်လေးနက်လွန်းလှသည် ။

YOU ARE READING
ကျနော်ချစ်သော ထိုအမျိုးသမီး
Kurzgeschichtenမြတ်နိုးရပါသော ထိုအမျိုးသမီးဆီမှ အမုန်းတရားတို့သည် ခါးသက်သော ချိုမြိန်ခြင်းပင် ........