" မ.. ဒီမှာထိုင်ပြီး ဘာလုပ်နေတာလဲ ..
ဒီအချိန်ထိ မအိပ်သေးဘူးလား "အချိန်အားဖြင့် ည၁၀နာရီရှိနေပြီဆိုသော်လည်း ဧည့်ခန်းထဲမှာတစ်ယောက်တည်း ထိုင်နေသော မကို မေးလိုက်ခြင်း ဖြစ်သည် ။
" မက ကလေးကို စောင့်နေတာလေ ...
ဒီနေ့တော်တော်နောက်ကျတယ်နော် "" ဟုတ်တယ် မ ...စက်ရုံဘက်မှာ ပြသနာလေးတွေရှိနေလို့ "
မရဲ့ စောင့်နေတယ် ဆိုတဲ့စကားကြောင့် အမှန်တကယ် ဝမ်းသာမိသည် ။
ပုံမှန်အိမ်ပြန်ချိန်တွေမှာ စောင့်မျှော်နေသူ တစ်စုံတစ်ယောက်မှ မရှိခဲ့တဲ့လူတစ်ယောက်မို့
ကိုယ့်ကို စောင့်နေပေးတဲ့ တစ်စုံတစ်ဦးရှိလာတဲ့ ခံစားချက်ဟာ စာကားလုံးများဖြင့်ဖော်ပြလို့မရနိုင် ။" ညနေစာရော "
" ကျနော် အပြင်မှာစားလာခဲ့တယ် "
" အင်း... ဒါဆို အပေါ်တက်နားတော့ "
" ဟုတ် "
မဟာ အရင်လို ကျနော့်အပေါ်တွင် မုန်းတီးခြင်းမရှိတော့တာကို ဝမ်းသာမိပေမဲ့ ဒီခံစားချက်ကြောင့် တစ်စုံတစ်ယောက်အပေါ်ကိုတော့ အားနာမိနေသည် ။
ချစ်ခဲ့တာခြင်းအတူတူကို ရွေးချယ်ခြင်းမခံရတဲ့လူအတွက် ချစ်ခြင်းရဲ့မျှတမှုဆိုတာ ဘယ်လိုမျိုးလဲ ။စီးကျနေသော ရေပန်းအောက်သို့ ဝင်လိုက်သည်နှင့် တစ်နေ့တာလုံး ပင်ပန်းခဲ့သမျှ ခန္ဓာကိုယ်ဟာ အနည်းငယ်လန်းဆန်းလာသယောင် ။
အမြင်အာရုံတွင်တစ်ချက်ချက်ပေါ်လာသော မရဲ့ပုံရိပ်ကြောင့် မျက်စိကိုစုံမှတ်လိုက်ကာ...." မသာ ကျနော့်အပေါ် ဒီထက်သာကောင်းပေးနေရင်
ကျနော် မဆီကနေ ရုန်းထွက်နိုင်ဖို့အရမ်း ခက်ခဲတော့မှာဘဲ "မျက်ရည်တွေဟာ ရေတွေနဲ့အတူ ပါသွားခဲ့ပေမဲ့...
နာကျင်ခြင်းတွေကတော့ ဒီရင်ထဲမှာ နက်နက်ရှိုင်းရှိုင်းကို အမြစ်တွယ်နေခဲ့ပြီ ။" မ! ...
ကျနော့်အခန်းထဲကို ဘယ်လိုလုပ် "ရေချိုးခန်းထဲက ထွက်ထွက်ချင်း ခုတင်ပေါ်မှာထိုင်နေတဲ့ မကို ရုတ်တရက်တွေ့လိုက်ရလို့ လန့်သွားခဲ့ပေမဲ့ မျက်မှောင်ကြုံ့ကာ ကြည့်လာတဲ့ မကြောင့်
ကိုယ်ပေါ်မှာ အဝတ်အစား အပြည့်အစုံရှိသော်လည်း မလုံမလဲဖြစ်မိသည် ။

YOU ARE READING
ကျနော်ချစ်သော ထိုအမျိုးသမီး
Short Storyမြတ်နိုးရပါသော ထိုအမျိုးသမီးဆီမှ အမုန်းတရားတို့သည် ခါးသက်သော ချိုမြိန်ခြင်းပင် ........