" စိတ်အခြေအနေက အရမ်းပြင်းထန်သွားတယ်ထင်တယ် ခန္ဓာကိုယ်ပါ လဲကျသွားရတဲ့အထိဆိုတော့ ... "
" ဟုတ်တယ် ..အကိုပြည့် ပြသနာလေးတွေများသွားလို့ "
" သုတအခြေအနေက အရင်ကထက်ပိုဆိုးလာတယ် နော်"
"ဗျာ!! "
အရင်ကထက် တည်တည်ငြိမ်ငြိမ်ရှိလာတဲ့
အကိုလေးကို အဆင်ပြေနေပြီထင်နေခဲ့တာ ..
အရင်ကထက်တောင် ပိုဆိုးလာတယ်တဲ့လား..အရင်ကထက် တည်ငြိမ်လာတဲ့ အကိုလေးကို အတိတ်ဆိုးတွေထဲကနေ ရုန်းထွက်နိုင်ခဲ့ပြီ ထင်ခဲ့တာ .....
အကိုလေးဟာ တည်ငြိမ်လာတာနဲ့အမျှ ခံစားချက်တွေကိုပါ မြိုသိပ်လာခဲ့တယ်ထင်တယ်
အကိုလေး ရင်ထဲမှာ ဘာတွေများ ဒီလောက်တောင်ကြိတ်မှိတ်ခံစားနေခဲ့ရတာလဲ .." ဟုတ်တယ် ..ကောင်းမြတ် ..သုတနောက်တစ်ခါသာ ဒီလိုထပ်ဖြစ်ရင် ပုံမှန်စိတ်ပြန်ဖြစ်ဖို့က ရာခိုင်နှုန်းနည်းတယ် ..
အကိုပြောတာကို သဘောပေါက်မှာပါ ..
ဒါကြောင့် သေသေချာချာစိုက်ပေးပါ .. အတတ်နိုင်ဆုံး စိတ်ချမ်းသာအောင်ထားပေး "" အကိုလေးရဲ့ အခြေအနေကို အကိုလဲသိနေပြီးသားကို ..
အကိုလေးအတွက် စိတ်ချမ်းသာစရာဆိုတာ ဘယ်တုန်းကရှိခဲ့လို့လဲ "" အကိုသိပါတယ် ..အဲ့တာကြောင့် ပိုပြီးအသေးစိတ်ဂရုစိုက်ရလိမ့်မယ် နောက်တစ်ခါဆို မလွယ်ဘူး "
" ဟုတ်ကဲ့ပါ ..ကျနော်အတတ်နိုင်ဆုံး အကိုလေးကို စိတ်ချမ်းသာအောင်ထားပါ့မယ် "
" အင်း..ဒါဆို အကိုပြန်တော့မယ် ..တစ်ခုခုဆိုဖုန်းဆက်လိုက် "
အကိုပြည့်ထွက်သွားတော့
ခုတင်ပေါ်မှာလှဲနေတဲ့ အကိုလေးကိုကြည့်ကာ အရမ်းသနားမိသည် ။
ပျော်ပျော်ရွှင်ရွှင်နဲ့ ကြီးပြင်းလာရမဲ့ ကလေးတစ်ယောက်ဟာ နာကျင်စရာတွေနဲ့ဘဲ ကြီးပြင်လာတော့ ကြီးပြင်းလာရတဲ့ ဘဝဟာ ဘယ်လောက်သနားစရာ ကောင်းလိုက်လဲ ...
ရှင်သန်နေရတဲ့ ဘဝကရော အဓိပ္ပါယ်ရှိပါအုံးတော့မလား ...***************
ဝေခွဲရခက်နေတဲ့ ခံစားချက်တွေနဲ့ စိတ်တွေဟာရှုပ်ထွေးလွန်းနေသည် ။
ပါးပြင်ပေါ်မှာ စီးကျနေတဲ့ မျက်ရည်တွေကို မသုတ်မိသလို ရင်ဘတ်ထဲကနာကျင်မှုဟာလဲ အရင်ကထက် နှစ်ဆနာကျင်သယောင် ......
YOU ARE READING
ကျနော်ချစ်သော ထိုအမျိုးသမီး
Short Storyမြတ်နိုးရပါသော ထိုအမျိုးသမီးဆီမှ အမုန်းတရားတို့သည် ခါးသက်သော ချိုမြိန်ခြင်းပင် ........